လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းကို ဆွာသားလေး မှ နွေးထွေးစွာ ကြိုဆိုပါတယ်.....
Showing posts with label Softwares. Show all posts
Showing posts with label Softwares. Show all posts

Wednesday, March 6, 2013

Skype လေးကောင်းမကောင်းသုံးကြည့်ကြရအောင်



ဒီနေ့တော့ကျွန်တော် Call ခေါ်တဲ့ ဆော့ဝဲလေးပေးချင်ပါတယ်။ဒီဆော့ဝဲလေးက လူတိုင်းလည်းသိပြီးသားဖြစ်မယ် ထင်ပါတယ်။ Skype ဆိုရင် လူတိုင်းသိပါတယ်။ လူသုံးလည်းများသလို တော်တော်လည်းကောင်းပါတယ်။ ကော်နက်ရှင် သိပ်မကောင်းဘူးဆိုရင်တောင် Skype နဲ့ခေါ်မယ်ဆိုရင် စကားကောင်းကောင်းပြောလို့ရတာကို လူတိုင်းသိကြပါတယ်။Skype ရဲ့ အားသာချက်ကတော့ Video Call ပါခြင်း၊ စကားပြောလို့ရခြင်း၊ အပြန်အလှန် စာဖြင့်ဆက်သွယ်လို့ ရတဲ့ အချက်တွေကြောင့်တော်တော်လေးကို နာမည်ကြီးပါတယ်။ ဖုန်းအဖြစ်ပါ အသုံးပြုချင်တယ်ဆိုရင်တော့ Skype မှာ ပိုက်ဆံဖြည့်ပြီး တစ်ဖက်ဖုန်းကို လှမ်းခေါ်လို့ရပါတယ်။ စကိုက်ကို အသုံးပြုပုံကတော့ ရိုးရှင်းပါတယ်။ ဒါပေမယ့်လည်း မိမိမှာ စကိုက် အကောင့်ရှိဖို့တော့လိုပါတယ်။ တစ်ဖက်လူလည်း Skype ကို ရမ်းထားမယ်  မိမိလည်းရမ်းထားမယ်ဆိုရင် စကားကောင်းကောင်းပြောလို့ရပါပြီ။စကိုက်ကောင်းမကောင်းဆိုတာကိုတော့ သုံးကြည့်မှ သိပါလိမ့်မယ်။ခုကျွန်တော် နောက်ဆုံးထွက် Skype Version လေးကို ကျွန်တော် တင်ပေးထားပါတယ်။ စကိုက်ကို အသုံးပြုကြည့်ချင်တဲ့လူတွေ ဒေါင်းပြီးသာ စိတ်ချ လက်ချအသုံးပြုကြည့်လိုက်ပါ။ စကိုက်ရှိပြီးသားလူတွေကလည်း နောက်ဆုံးထွက် Version ကောင်းမကောင်းကို ပြောင်းလဲ အသုံးပြုကြည့်လိုက်ပါဦးလို့ အကြံပေးချင်ပါတယ်။ ဆော့ဝဲကို ပေးထားတဲ့နေရာကနေ အလွယ်တကူ ဒေါင်းလော့ချပြီးသုံးကြည့်လိုက်ပါဦးနော်။


ဆော့ဝဲကိုလိုချင်ရင် ပေးထားတဲ့နေရာကနေ ဒေါင်းလော့ ယူလိုက်ပါ>>>Click Here

Sunday, March 3, 2013

ကွန်ပျူတာ ၀င်းဒိုးတင်နည်းစာအုပ်

ဒီနေ့တော့ ကျွန်တော် စာအုပ်ကောင်းလေး တစ်အုပ်ကို ပေးချင်ပါတယ်။စာ အုပ်ကတော့ ၀င်ဒိုးတင်နည်းစာအုပ်ပါပဲ။ရေးထားတာကတော့ ကျွန်တော့် အကိုကြီး ကိုနေမင်းမောင် ရေးထားတာပါ။ခုလက်ရှိမြန်မာ နိုင်ငံမှာ ၀င်ဒိုးတင်တာနဲ့ပတ်သတ်လို့ တော်တော် စိတ်ကသိ ကအောက်ဖြစ်စရာတွေဖြစ်နေပါတယ်။ဆိုင်မှာ သွားတင်ရင်လည်း ပိုက်ဆံ ၅၀၀၀ မျိုး ၁၀၀၀၀ မျိုးတောင်းပါတယ်။ဒီအခက်အခဲတွေကို ဒီစာအုပ်လေး ဖတ်ရင်းနဲ့ ဖြေရှင်းနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အထဲမှာ ပုံလေးတွေ တစ်ခု ချင်းစီနဲ့ သေချာ ရှင်းပြထားတဲ့ အတွက် နားလည်မှာပါ။ကျွန်တော်တောင် အရင်က ၀င်းဒိုးမတင်တက်ပါဘူး။ ကိုနေမင်းမောင် ရဲ့ ဒီစာအုပ်ဖတ်ပြီးမှ လုပ်တက်သွားတာပါ။ အပြောမဟုတ်ပါဘူး လက်တွေ့ပါ။ခုဒီစာအုပ်လေးကိုတော့ ဒေါင်းပြီးသာ သိမ်းထားစေချင်တယ်။တကယ်လိုအပ်လို့ပါ။မိမိတင်တက်သွားပြီဆိုရင်တောင်တခြားလူတွေ ကိုပြန်ပြီးတော့ ပေးဖတ်လို့ရပါတယ်။ပညာ မျှဝေတဲ့သဘောလေးပါပဲ။ခုတော့ ၀င်ဒိုးမတင်တက်သေးတဲ့ သူတွေ ဒီစာအုပ်လေးကို ဖတ်ပြီးတော့ တင်ကြည့်ပါဦးနော်။

Connectify Pro


ကျွန်တော်နောက်ထပ်ပေးချင်တဲ့ဆော့ဝဲကောင်လေးရှိပါတယ်ဒီဆော့ဝဲလေးကတော့လက်တော့ကွန်ပျူကိုသုံးတဲ့လူတွေကျွန်တော်တို့ဒတ်တော့သုံးတဲ့လူတွေအတွက်ပါအဆင်ပြေပါတယ်ဒီဆော့ဝဲလေးကတော့မိမိစက်ကနေwifiပြန်လွှင့်တဲ့ဆော့ဝဲလေးပါကျွန်တော်တို့လက်တော့တွေမှာတော့wifiလွှင့်တဲ့နေရာအနေနဲ့သီးသန့်ထည့်ပေးထားတာရှိပါတယ်ဒတ်တော့မှာတော့မပါပါဘူးသီးသန့်wifiပြန်လွှင့်ချင်ရင်တော့networkadapter၀ယ်ဖို့လိုပါတယ်ဒီဆော့ဝဲကိုသုံးတာလေးကိုနည်းနည်းပြောပြပါ့မယ်လက်တော့တွေမှာwifiပြန်လွှင့်တဲ့အခါမှာiosသုံးဖုန်းတွေတက်ဘလက်တွေနဲ့ဖမ်းလို့လွယ်ပေမယ့်Androidဖုန်းတွေတက်ဘလက်တွေမှာအဆင်မပြေပါဘူးဒီအတွက်ဒီဆော့ဝဲလေးကandroidရောiosရောနှစ်ခုလုံးအတွက်ပြန်ဖမ်းလို့အဆင်ပြေပါတယ်။ဒီဆော့ဝဲလေးကိုသုံးကြည့်လိုက်ပါ။အဆင်ပြေပါတယ်ဒီဆော့ဝဲလေးကိုအသုံးပြုချင်တယ်ဆိုရင်တော့ ပထမဆုံးဆော့ဝဲကိုရမ်းလိုက်ပါပြီးတာနဲ့Keygenကိုဖွင့်ပြီးEmailနဲ့SerialNumberလေးကိုCopyကူးပြီးလိုင်စင်Keyနေရာမှာထည့်လိုက်ပါပြီးတာနဲ့မိမိအသုံးပြုနေတဲ့Networkနဲ့နာမည်ပတ်ဝတ်ထားပြီးတော့Startကိုနှိပ်လိုက်ပြီးမိမိအသုံးပြုနေတဲ့ဖုန်းဖြစ်ဖြစ်တက်ဘလက်ဖြစ်ဖြစ်နာမည်ပတ်ဝတ်ခံထားတာကိုဖြည့်ပြီးသုံးလိုက်ပါ။Networkပိုကောင်းတဲ့အပြင်သုံးရတာလွယ်ကူပါတယ်။ဆော့ဝဲလေးကိုဒေါင်းပြီးတော့သုံးကြည့်လိုက်ပါဦး။အားလုံးအဆင်ပြေတာကိုတွေ့ရမှာပါဆော့ဝဲလေးကိုအောက်ကပေးထားတဲ့နေရာကနေဒေါင်းလော့ချပြီးတော့အသုံးပြုလိုက်ပါဦးနော်အဆင်ပြေကြမှာပါမရှင်းမလင်းတာရှိရင်ကျွန်တော့်ဆီမေးပို့ပြီးမေးမြန်းနိုင်ပါတယ်။ကျွန်တော်လိုအပ်ရင် ပုံလေးတွေနဲ့ ထပ်ပြီး ရှင်းပြပေးပါ့မယ်။ကဲ အခုတော့အသုံးပြုကြည့်လိုက်ကြပါဦး။


ဆော့ဝဲကို ပေးထားတဲ့နေရာကနေ Downloads ယူသွားလိုက်ပါဦး>>>Click Here

Saturday, March 2, 2013

Internet Download Manager


ကျွန်တော် အင်တာနက်မှာ ဒေါင်းလော့ ချတာနဲ့ပတ်သတ်လို့အဆင်မပြေဖြစ်နေသူများအတွက် Internet Download Managerကောင်းကောင်းလေးတစ်ခုကိုပေးချင်ပါတယ်။ဒီကောင်လေးကတော့နောက်ဆုံးထွက် Version တော့မဟုတ်ပါဘူးပေါ့ပေါ့ပါးပါးနဲ့သုံးရတာအဆင်ပြေအောင်ထုတ်ထားတဲ့ဟာလေးပဲဖြစ်ပါတယ်။အင်တာနက်နဲ့ အလုပ်လုပ်နေရတဲ့သူတွေ ဒေါင်းလော့ ချတာနဲ့ပတ်သတ်လို့ ဒုက္ခတော်တော်လေးကို ရောက်ပါတယ်အဲ့ဒီအတွက်အဲ့ဒုက္ခတွေသက်သာအောင်ကျွန်တော်စေတနာနဲ့ကျွန်တော်သုံးလို့အဆင်ပြေတဲ့ Internet Download Manager လေးကိုတင်ပေးတာပါ။ ဖိုင် ဆိုဒ်ကလည်းသေးသလို သုံးရတာ ပေါ့ပေါ့ပါးပါးနဲ့တော်တော် ကောင်းပါတယ်။ခု လူတိုင်းကြုံတွေ့နေရတာကတော့ Internet Download Manager နဲ့ပတ်သတ်လို့ Key တွေတောင်းတယ်။ နာမည်တွေဖြည့်ခိုင်းတယ်။ပြီးတော့ ရက် ၃၀ သာ အစမ်းသုံးခွင့်ပေးထားပြီးရက်၃၀ပြည့်တာနဲ့ဘယ်လိုမှသုံးလို့မရတော့ပါဘူးအဲ့ဒီဒုက္ခတွေကိုသက်သာအောင်ခုInternetDownloadManagerလေးကဖြေရှင်းပေးပါလိမ့်မယ်ဒီကောင်လေးကိုသုံးမယ်ဆိုရင်ဒေါင်းလော့ ချပြီးတာနဲ့ သေချာသိမ်းထားဖို့လိုပါတယ်။ ဒါမှလည်း Window တစ်ခါတင်တိုင်း လွယ်လွယ်ကူကူ ရမ်းပြီးတော့ သုံးနိုင်မှာပါဒါလေးကိုသွားလေးရာလည်းယူသွားလို့အဆင်ပြေပါတယ်လွယ်လွယ်ကူကူပေါ့ပေါ့ ပါးပါးလည်းသုံးနိုင်ပါတယ်ဒီကောင်လေးကိုအောက်ကပေးထားတဲ့နေရာကနေဒေါင်းလော့ချပြီးသုံးကြည့်လိုက်ပါဦး။ ဒီကောင်လေးကို ရမ်းမယ်ဆိုရင်တော့ မိမိကွန်ပျူတာမှာအရင်ရှိထားတဲ့ Internet Download Manager တွေကို ဖြုတ်ပစ်ဖို့တော့လိုပါတယ်။ဖြုတ်ပြီးမှသာ ဒီကောင်လေးကို ရမ်းပြီး သုံးကြည့်လိုက်ပါ။ အားလုံး အဆင်ပြေပါစေလို့ ကျွန်တော် ဆုတောင်းရင်း Internet Download Manager နဲ့ပတ်သတ်လို့ ခံစားရတဲ့ ဒုက္ခတွေကင်းဝေးစေဖို့ ဆော့ဝဲလေးကို ပေးထားတဲ့နေရာကနေ ဒေါင်းလော့ယူသွားလိုက်ပါ။


ဆော့ဝဲကို ပေးထားတဲ့နေရာကနေ Downloads ရယူနိုင်ပါတယ်>>>Click Here

Security Essentials 4.2.223 Vista


နောက်ထပ်ကျွန်တော်Antivirusဆော့ဝဲတစ်ခုကိုထပ်ပြီးတော့ပေးချင်ပါတယ်ဒီကောင်လေးကတော့ကျွန်တော်တို့အသုံးပြုရတာလွယ်ကူသလိုပေါ့လည်းအရမ်းပေါ့ပါတယ်ကွန်ပျူတာကနေVirusတွေရှင်းလင်းရတာလည်းလွယ်ကူပါတယ်ခုကျွန်တော်ပေးမယ့်ဆော့ဝဲကလည်းသုံးရတာအဆင်ပြေပါတယ်ကျွန်တော်ကိုယ်တိုင်သုံးဖူးလို့ဒီလောက်ထိကျွန်တော်ညွှန်းပြ နေတယ်ဆိုရင်လည်းမမှားပါဘူး။ Security Essentials 4.2.223 Vistaဆိုရင်သိတဲ့လူလည်းများမှာပါလူတိုင်းသိကြမယ်လို့လည်းထင်ပါတယ်မသိတဲ့လူတွေမသုံးဖူးတဲ့လူတွေသုံးလို့ရအောင်ကျွန်တော် တင်ပေးတာပါ။ဒီကောင်လေးကတော့နောက်ဆုံးထွက်လေးလည်းဖြစ်တော့ အရင်ထွက်တာတွေနဲ့မတူတာတော့အမှန်ပါပဲဒီကောင်လေးကိုလည်းသုံးကြည့်ကြဖို့ကျွန်တော်အကြံပေးချင်ပါတယ်။ဒီကောင်လေးကိုလိုချင်ရင် အောက်မှာ ဒေါင်းလော့ ယူသွားနိုင်ပါတယ်။


ဆော့ဝဲလေးကို ပေးထားတဲ့နေရာကနေ ဒေါင်း လော့ ရယူနိုင်ပါတယ်>>>Click Here

Avast! Free Antivirus 7.0.1474

နောက်ထပ်ကျွန်တော်မိမိကွန်ပျူတာမှာမရှိမဖြစ်လိုအပ်တဲ့ဆော့ဝဲကောင်းလေးတွေကိုပေးချင်ပါတယ်ကျွန်တော်တို့ကွန်ပျူတာတွေကိုနေ့စဉ်နှင့်အမျှလုပ်ငန်းအမျိုးမျိုးကိုလုပ်ဆောင်နေကြရပါတယ်အင်တာနက်ရသည်ဖြစ်စေမရသည်ဖြစ်စေကွန်ပျူတာမှာအမှန်တကယ်လိုအပ်တာကဗိုင်းရပ်သပ်တဲ့ဆော့ဝဲတစ်ခုခုရှိထားဖို့ပါပဲခုကျွန်တော်ပေးချင်တဲ့ဆော့ဝဲလေးကတော့Avast!FreeAntivirus7.0.1474ဆိုတဲ့Antivirusဆော့ဝဲကောင်လေးဖြစ်ပါတယ်ဒီကောင်လေးကိုကွန်ပျူတာမှာကျွန်တော်တို့ရမ်းပြီးသုံးမယ်ဆိုရင်သူ့အလိုအလျောက်Virus၀င်ရောက်လာတာနဲ့ပြပေးမှာဖြစ်ပါတယ်ခုကျွန်တော်တင်ပေးမှာနောက်ဆုံးထွက်Versionလည်းဖြစ်တဲ့အတွက်ပိုပြီးတော့ကောင်းပါတယ်လက်ရှိကျွန်တော့်စက်မှာလည်းအသုံးပြုနေတာပဲဖြစ်ပါတယ်Antivirusရမ်းထားမယ်ဆိုရင်မိမိကွန်ပျူတာကိုဗိုင်းရပ်တွေဖယ်ရှားရှင်းလင်းပေးတာကိုဆော့ဝဲကလုပ်ဆောင်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော်ရှင်းပြနေတာနဲ့စာရင်ဆော့ဝဲကိုကောင်းမကောင်းသူငယ်ချင်းတို့ကိုယ်တိုင်သုံးကြည့်တာကပိုကောင်းပါလိမ့်မယ်အဆင်မပြေတာရှိရင်ကျွန်တော့်ကိုပေးထားတဲ့လိပ်စာကနေတစ်ဆင့်မေးမြန်းနိုင်ပါတယ်Emailပို့ထားနိုင်ပါတယ်ခုတော့ဆော့ဝဲလေးကိုအောက်မှာကျွန်တော်ပေးထားတဲ့လင့်လေးကနေ ဒေါင်းပြီးတော့ အသုံးပြုကြည့်လိုက်ပါဦး။


ဆော့ဝဲလေးကို လိုချင်ရင်ပေးထားတဲ့နေရာလေးကနေ Downloads ယူနိုင်ပါတယ်>>>Click Here

Tuesday, February 26, 2013

CCleaner နဲ့ ကွန်ပျူတာကို သန့်ရှင်းကြမယ်


ခုကျွန်တော်တင်ပေးချင်တဲ့ဆော့ဝဲလေးကတော့ကွန်ပျူတာတစ်လုံးမှာမရှိမဖြစ်တဲ့ဆော့ဝဲလေးပဲဖြစ်ပါတယ်။ဘာ့ကြောင့်မရှိမဖြစ်လို့ပြောရလည်းဆိုတော့ ကျွန်တော်တို့ ကွန်ပျူတာ တွေမှာ နေ့စဉ် အလုပ်လုပ်ရပါတယ်။ကွန်ပျူတာမှာ အင်တာနက်ရသည်ဖြစ်စေမရသည်ဖြစ်စေ ဒီဆော့ဝဲလေးက နေ့စဉ်သုံးထားတဲ့ Data တွေကို ပြန်လည်သန့်စင်ပေးတာပါ။ ဒီကောင်လေးကတော့ တော်တော်လေးကောင်းပါတယ်။သုံးရတာ လွယ်ကူသလို အသုံးပြုရတာလည်းမြန်ပါတယ်။ ဒီဆော့ဝဲလေးရှိတာနဲ့ မိမိကွန်ပျူတာကို အချိန်ပိုင်းအတွင်းမှာ သန့်ရှင်းရေးလုပ် ပေးမှာဖြစ်ပါတယ်။ဒီကောင်လေးနဲ့ကွန်ပျူတာကို ရှင်းလိုက်တာနဲ့ မိမိကွန်ပျူတာ ပိုမိုမြန်ဆန်လာတာကို သတိထားပြီးကြည့်စေချင်ပါတယ်။ဆော့ဝဲကို အသုံးပြုတာကတော့ ဆော့ဝဲလေးကို ရမ်းပြီးတာနဲ့ တစ်ဖက်မှာ  Run Cleaner  ဆိုတာလေးကို  တစ်ခါစစ်ပြီးတိုင်းနောက်ထပ်ပြန်ပြီးတော့ နှိပ်ပြီးတော့ မိမိ သုံးထားတဲ့ Data တွေကို ရှင်းလိုက်ပါ။ နောက်ဆုံး ဆော့ဝဲထဲမှာ 0 bite ပြတာနဲ့ ဘေးနားကAnalyze ဆိုတာလေးကို နှိပ်ပေးပြီးတာနဲ့ ဆော့ဝဲလေးကိုပြန်ပိတ်လိုက်ပါ။ မိမိသုံးထားသမျှ အကုန်လုံးကို ရှင်းပေးသွားတာတွေ့မြင်နိုင်ပါတယ်။ဒီဆော့ဝဲလေးကိုတော့ မိမိကွန်ပျူတာထဲမှာ ဆောင်ထားသင့်တယ်ဆိုတာကို ကျွန်တော် အကြံပြုချင်ပါတယ်။ ကွန်ပျူတာတစ်လုံးကိုWindow စတင်ပြီးတာနဲ့ ရမ်းထား သင့်ပါတယ်။ ဒီဆော့ဝဲကတော့ခုမှ နောက်ဆုံးထပ် ထွက်လာတဲ့ Version လေးပဲဖြစ်ပါတယ်။ကျွန်တော် ပြောပြနေတာနဲ့ စာရင် ကိုယ်တိုင် ကောင်းမကောင်းသုံးကြည့်လိုက်ပါ။ လက်တွေ့သိပါလိမ့်မယ် ။ဆော့ဝဲကိုလိုချင်ရင်ထုံးစံ အတိုင်းအောက်မှာဒေါင်းလော့လင့်လေး လုပ်ပေးထားပါတယ်။ကိုယ်တိုင်သာဒေါင်းလိုက်ပါ။ File ဆိုဒ်ကလည်းသေးတော့ဒေါင်းလော့ဆွဲရတာ ခဏပဲကြာပါတယ်။အလွယ်တကူပဲဒေါင်းပြီးတော့ သုံးကြည့်ကြပါဦး။



ဆော့ဝဲကို ဒီနေရာမှာ Download လုပ်ပြီး ရယူနိုင်ပါတယ်>>>Click Here

Chrome လေးသုံးပြီး ကမ္ဘာပတ်ကြမယ်

ဒီကောင်လေးကလည်း Broswers  နောက်တစ်ခုပဲဖြစ်ပါတယ်။ ဒီကောင်လေးကတော့ Firfox နဲ့ညီအစ်ကိုလို့ပြောလို့ရပါတယ်။ ဘာလို့ လည်းဆိုရင် Firfox ပြီးတော့ နောက်ထပ် ထပ်ထုတ်ထားတဲ့Broswers ပဲဖြစ်ပါတယ်။ဒီကောင်လေးကိုတော့ သုံးဖူးသူတိုင်းက Firfox ထက် ပိုမြန်တယ်ဆိုတာကို လက်ခံကြပါတယ်။ပိုပြီးတော့သွက်လာပါတယ်။ မကြာသေးခင်ကပဲ ဒီကောင်လေးနဲ့ပတ်သတ်ပြီးတော့  မည်သည့် Hacker မဆို ၀င်ပြီးတော့ Hack နိုင်ရင် ဆုငွေပေးမယ်လို့တောင် ကြေညာထားတာပါ။ ဒီတော့ ဘယ်လောက်ကောင်းပြီးတော့ ဘယ်လောက်တောင် မှ လုံခြုံတယ်ဆိုတာ ခန့်မှန်းသာကြည့်လိုက်ပါတော့။ ဒီဆော့ဝဲလေးရဲ့နာမည်ကတော့ Chrome လို့ပေးထားပါတယ်။ ခုကျွန်တော်တင်ပေးတာကတော့ နောက်ဆုံး ထွက် Version လေးပါ။ Chrome နဲ့ပတ်သတ်လို့ တစ်ခုခု နားမလည်တာရှိရင် ကျွန်တော့်ကိုမေး မြန်းနိုင်ပါတယ်။ လိုအပ်တယ်ဆိုရင် သိချင်တာလေးတွေကို ပုံလေးတွေနဲ့ကျွန်တော်တင်ပေးပါ့မယ်။ Chrome သွက်မသွက်ဆိုတာတော့ သုံးကြည့်မှ သိပါလိမ့်မယ်။ Chrome က သွက်လား Firfox ကသွက်သလားဆိုတာ ကိုယ်တိုင်သာ သုံးကြည့်လိုက်ပါတော့။ဆော့ဝဲကိုလိုချင်တယ်ဆိုရင်တော့ အောက်မှာ အလွယ်တကူဒေါင်းပြီးယူနိုင်ပါတယ်နော်။


ဆော့ဝဲကို ဒီနေရာကနေ Download လုပ်ပြီး ရယူနိုင်ပါတယ် >>>Click Here

Firefox Setup 20.0b1 လေးကို သုံးကြမယ်


ကျွန်တော် ဒီနေ့တော့ မရှိမဖြစ်လိုအပ်တဲ့ ဆော့ဝဲလေးတွေတင်ပေးချင်ပါတယ်။ ခု ကျွန်တော် တင်ပေးမယ့် ဆော့ဝဲလေးတွေကတော့  Broswers တွေပဲဖြစ်ပါတယ်။ခုကျွန်တော်Firfox နောက်ဆုံးထွက်လေးကိုပေးချင်ပါတယ်။ Firfox  ကတော့လူတိုင်းသိကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီကောင်လေးကိုတော့ နိုင်ငံတိုင်း နေရာတိုင်းမှာ အသုံးပြုကြပါတယ်။နောက်ပိုင်းထွက်လာတဲ့Version တွေကတော့ တော်တော်လေးကိုကောင်းလာတဲ့ အပြင် ပိုမိုမြန်ဆန်လာတာကိုတွေ့ရပါတယ်။ကွန်ပျူတာ တစ်လုံးကို Window စတင်ပြီးတာနဲ့ လူတိုင်း Firfox ကို အရင် ရမ်းကြပါတယ်။ တော်တော်လည်းကောင်းပါတယ်။Firfox  နဲ့ပတ်သတ်ပြီးတော့ကျွန်တော် အသေးစိတ်ရေးမပြတော့ပါဘူး။ လူတိုင်းသိကြမယ်ထင်လို့ပါ။ မသိဘူးဆိုရင်လည်းကျွန်တော့် မေးကနေ မေးမြန်းနိုင်ပါတယ်။ လိုအပ်ရင် Firfox  နဲ့ပတ်သတ်သမျှကို ကျွန်တော်ရေးတင်ပေးပါ့မယ်။ ဒီကောင်လေးကတော့ နောက်ဆုံးထွက်လေးလည်းဖြစ်ပါတယ်။ပြီးတော့ ပိုပြီးကောင်းသလို ပိုပြီးလည်း သွက်လာပါတယ်။ တကယ်ဟုတ်မဟုတ်ဆိုတာ ဒေါင်းပြီးသာ သုံးကြည့်ကြပါလို့ကျွန်တော် အကြံပေးချင်ပါတယ်။ဆော့ဝဲကိုအောက်မှာ ဒေါင်းပြီးတော့ယူနိုင်ပါတယ်။အဆင်ပြေကြပါစေ။

ဆော့ဝဲကို လိုချင်ရင်တော့ ဒီနေရာမှာ ယူနိုင်ပါတယ်>>>>Click here

mx4.0.3.6000 လေးကို သုံးကြမယ်


ကျွန်တော် ဒီနေ့တော့ မရှိမဖြစ်လိုအပ်တဲ့ ဆော့ဝဲလေးတွေတင်ပေးချင်ပါတယ်။ ခု ကျွန်တော် တင်ပေးမယ့် ဆော့ဝဲလေးတွေကတော့  Broswers တွေပဲဖြစ်ပါတယ်။ခု ကျွန်တော် Maxthon ဆိုတဲ့ Broswers  လေးကိုပေးချင်ပါတယ်။ ဒီကောင်လေးကနောက်ဆုံးထွက် Version လေးလည်းဖြစ်ပါတယ်ဒီကောင်လေးရဲ့ အားသာချက်ကတော့ အင်တာနက်သုံးတဲ့ အခါမှာ မြန်မြန်ဆန်ဆန်လေးသုံးနိုင်တာပါပဲ။ ဒါ့အပြင် အထဲမှာလည်း ကိုယ်ဖွင့်ချင်တဲ့ ဆိုဒ်တွေ သီးသန့်လုပ်ပေးထားပါတယ်။ ဥပမာ အနေနဲ့ Facebook ,Googleနဲ့ Youtubeအစရှိသဖြင့် လွယ်လွယ်ကူကူဖွင့်လို့ရပါတယ်။ ဒါတင်မကသေးပဲ နေ့စဉ် တင်သမျှ သတင်းတွေကိုလည်း အင်္ဂလိပ်လို တိုက်ရိုက်ဖတ်ရှု နိုင်ပါတယ်။ အဲ့ဒါကြောင့်ဒီ Broswers  လေးကတော့ အင်တာနက်သုံးနေတဲ့ လူတိုင်းအတွက် သုံးသင့်ပါတယ်။တကယ်ကောင်းတဲ့ Broswers  ဖြစ်တယ်ဆိုတာ ကျွန်တော် လက်တွေ့သုံးလို့ အာမခံပါတယ်။မြန်မာဖောင့်ချိန်းတာကတော့ ပုံမှန်လိုပဲSetting ထဲကနေပဲသွားပြောင်းရတာပါ။ မြန်မာဖောင့် ပြောင်းလို့ အဆင်မပြေဘူးဆိုရင် ကျွန်တော့် မေးကိုဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်။လိုအပ်ရင်ကျွန်တော် ပုံလေးတွေနဲ့ တကွ ရှင်းပြပေးပါ့မယ်။ခုတော့ Maxthon ကိုသုံးပြီးတော့ မိမိအသုံးပြုချင်တဲ့  ဆိုဒ်လေးတွေကို သွားလည်လိုက်ပါဦးနော်။ဆော့ဝဲကို လိုချင်ရင်တော့ အောက်က လင့်လေးမှာ အလွယ်တကူဒေါင်းနိုင်ပါတယ်နော်။



ဆော့ဝဲကို ဒီနေရာကနေ Download လုပ်နိုင်ပါတယ်>>>>Click Here

Monday, February 25, 2013

FFSetup300


ဒီဆော့ဝဲလေးကတော့ ကျွန်တော်တို့ စက်မှာရှိတဲ့ mp 4 သီချင်းတွေကို mp 3  ပြောင်းချင်တဲ့ အခါမှာသုံးပါတယ်။ သုံးရတာလည်းလွယ်သလို မြန်လည်းမြန်ပါတယ်။ ကျွန်တော် နောက်ဆုံးထွက် version လေးကို တင်ပေးလိုက်ပါတယ်။ဘယ်လိုသုံးရလည်းဆိုတော့မိမိ ပြောင်းချင်တဲ့သီချင်းလေးကို ဆော့ဝဲကိုဖွင့်ပြီးတော့    ဆွဲထည့်လိုက်ရုံပါပဲ   ဘာမှမ ခက်ပါဘူး။   ဆွဲထည့်ပြီးတာ       နဲ့   မိမိလိုချင်တဲ့
သီချင်းပုံစံကို ပြောင်းလိုက်ရင်ပြီးပါပြီ။ပြီးတာနဲ့ အပေါ်က Start ကိုနှိပ်ပြီးတော့ ပြောင်းလိုက်ယုံပါပဲ။ပြီးတာနဲ့ အပေါ်က Out Folderကနေထုတ်ပေးလိုက်ယုံပါပဲ။ အားလုံးအဆင်ပြေပါစေလို့ ကျွန်တော် ဆန္ဒပြုလိုက်ပါတယ်။ဆော့ဝဲကို လိုချင်ရင်တော့ အောက်က လင့်မှာ ဒေါင်းလော့ ယူနိုင်ပါတယ်။



Download-->>>>click here

wondershare dvd slideshow builder deluxe 6.0.0.22


ဒီနေ့တော့ ကျွန်တော် အသုံးတည့်မယ့် ဆော့ဝဲလေး ပေးချင်ပါတယ် ဆော့ဝဲနာမည်ကတော့Wondershare DVD Slideshow Builder Deluxe 6.0.0.22ဖြစ်ပါတယ် ဒီဆော့ဝဲလေးရဲ့ အသုံးဝင်ပုံကတော့ သီချင်းလုပ်တဲ့သူတွေ အတွက် အရမ်းကောင်းတဲ့ဆော့ဝဲလေးဖြစ်ပါတယ်။ဆော့ဝဲမှာ လိုင်စင် ကီးလည်းပါတော့ တော်တော်ပြည့်စုံပါတယ်။ ဆော့ဝဲကို လိုချင်တယ်ဆိုရင်တော့ ပထမဆုံး မိမိကွန်ပျူတာမှာ ဆော့ဝဲကိုရမ်းလိုက်ပါ။ ဒါပြီးရင် လိုင်စင်ကီးတောင်းရင်Registration လုပ်ပေးလိုက်ပါ အထဲမှာ E mail နဲ့Registration ကုဒ်တစ်ခါထဲပါပါတယ်။အသုံးပြုတာကတော့လွယ်ပါတယ် ပထမဆုံး မိမိသီချင်းလုပ်ချင်တဲ့ ဓာတ်ပုံ ကို ရွေးလိုက်ပါ။ သီချင်းရဲ့ကြာချိန်အလိုက်ဓာတ်ပုံအနည်းအများကိုကြည့်ထည့်နိုင်ပါတယ်။ပြီးရင်ဓာတ်ပုံထည့်ပြီးတော့ အောက်မှာ သီချင်းထည့်ပေးရမှာဖြစ်ပါတယ်။သီချင်းကို မိမိထားချင်တဲ့သီချင်းကို mp 3 ပြောင်းပေးထားဖို့လိုပါတယ်။ကျွန်တော်နောက်ထပ် mp 4 ကနေmp 3 ပြောင်းတဲ့ဆော့ဝဲလေးတွေတင်ပေးပါဦးမယ်။အဲ့ဒီလို ပြောင်းပြီးတာနဲ့ သီချင်းထည့်တဲ့ နေရာမှာ သီချင်းကိုထည့်ပြီးတော့ဒုတိယ နေရာမှာ မိမိစိတ်ကြိုက်သီချင်းကို လုပ်နိုင်ပါတယ်။ဒီဆော့ဝဲရဲ့အားသာချက်ကတော့ သီချင်းလုပ်တဲ့နေရာမှာ Functionတော်တော်စုံပါတယ်။စာတမ်းထိုးတာတွေ နဲ့ အလှတွေစိတ်ကြိုက်ဆောင်ရွက်နိုင်ပါတယ်။ကျွန်တော်ကိုယ်တိုင် ဒီဆော့ဝဲလေးနဲ့သီချင်းလုပ်တာ တော်တော်ကောင်းပါတယ်။တကယ်လို့ အသုံးပြုတာကို သိပ်နားမလည်ဘူးဆိုရင် ကျွန်တော့် အကောင့်မှာ မေးပို့ပြီးမေးမြန်းနိုင်ပါတယ်။ ခုတော့ ဒီဆော့ဝဲလေးကို စိတ်ကြိုက် ကလိ လိုက်ပါဦးလို့ ကျွန်တော်အကြံပြုချင်ပါတယ်။ဒီဆော့ ၀ဲကို လိုချင်တယ်ဆိုရင် အောက်ကလင့် မှာ ဒေါင်းလော့ ရယူနိုင်ပါတယ်။



Download-->>>>click here