လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းကို ဆွာသားလေး မှ နွေးထွေးစွာ ကြိုဆိုပါတယ်.....

Tuesday, February 26, 2013

CCleaner နဲ့ ကွန်ပျူတာကို သန့်ရှင်းကြမယ်


ခုကျွန်တော်တင်ပေးချင်တဲ့ဆော့ဝဲလေးကတော့ကွန်ပျူတာတစ်လုံးမှာမရှိမဖြစ်တဲ့ဆော့ဝဲလေးပဲဖြစ်ပါတယ်။ဘာ့ကြောင့်မရှိမဖြစ်လို့ပြောရလည်းဆိုတော့ ကျွန်တော်တို့ ကွန်ပျူတာ တွေမှာ နေ့စဉ် အလုပ်လုပ်ရပါတယ်။ကွန်ပျူတာမှာ အင်တာနက်ရသည်ဖြစ်စေမရသည်ဖြစ်စေ ဒီဆော့ဝဲလေးက နေ့စဉ်သုံးထားတဲ့ Data တွေကို ပြန်လည်သန့်စင်ပေးတာပါ။ ဒီကောင်လေးကတော့ တော်တော်လေးကောင်းပါတယ်။သုံးရတာ လွယ်ကူသလို အသုံးပြုရတာလည်းမြန်ပါတယ်။ ဒီဆော့ဝဲလေးရှိတာနဲ့ မိမိကွန်ပျူတာကို အချိန်ပိုင်းအတွင်းမှာ သန့်ရှင်းရေးလုပ် ပေးမှာဖြစ်ပါတယ်။ဒီကောင်လေးနဲ့ကွန်ပျူတာကို ရှင်းလိုက်တာနဲ့ မိမိကွန်ပျူတာ ပိုမိုမြန်ဆန်လာတာကို သတိထားပြီးကြည့်စေချင်ပါတယ်။ဆော့ဝဲကို အသုံးပြုတာကတော့ ဆော့ဝဲလေးကို ရမ်းပြီးတာနဲ့ တစ်ဖက်မှာ  Run Cleaner  ဆိုတာလေးကို  တစ်ခါစစ်ပြီးတိုင်းနောက်ထပ်ပြန်ပြီးတော့ နှိပ်ပြီးတော့ မိမိ သုံးထားတဲ့ Data တွေကို ရှင်းလိုက်ပါ။ နောက်ဆုံး ဆော့ဝဲထဲမှာ 0 bite ပြတာနဲ့ ဘေးနားကAnalyze ဆိုတာလေးကို နှိပ်ပေးပြီးတာနဲ့ ဆော့ဝဲလေးကိုပြန်ပိတ်လိုက်ပါ။ မိမိသုံးထားသမျှ အကုန်လုံးကို ရှင်းပေးသွားတာတွေ့မြင်နိုင်ပါတယ်။ဒီဆော့ဝဲလေးကိုတော့ မိမိကွန်ပျူတာထဲမှာ ဆောင်ထားသင့်တယ်ဆိုတာကို ကျွန်တော် အကြံပြုချင်ပါတယ်။ ကွန်ပျူတာတစ်လုံးကိုWindow စတင်ပြီးတာနဲ့ ရမ်းထား သင့်ပါတယ်။ ဒီဆော့ဝဲကတော့ခုမှ နောက်ဆုံးထပ် ထွက်လာတဲ့ Version လေးပဲဖြစ်ပါတယ်။ကျွန်တော် ပြောပြနေတာနဲ့ စာရင် ကိုယ်တိုင် ကောင်းမကောင်းသုံးကြည့်လိုက်ပါ။ လက်တွေ့သိပါလိမ့်မယ် ။ဆော့ဝဲကိုလိုချင်ရင်ထုံးစံ အတိုင်းအောက်မှာဒေါင်းလော့လင့်လေး လုပ်ပေးထားပါတယ်။ကိုယ်တိုင်သာဒေါင်းလိုက်ပါ။ File ဆိုဒ်ကလည်းသေးတော့ဒေါင်းလော့ဆွဲရတာ ခဏပဲကြာပါတယ်။အလွယ်တကူပဲဒေါင်းပြီးတော့ သုံးကြည့်ကြပါဦး။



ဆော့ဝဲကို ဒီနေရာမှာ Download လုပ်ပြီး ရယူနိုင်ပါတယ်>>>Click Here

No comments:

Post a Comment