လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းကို ဆွာသားလေး မှ နွေးထွေးစွာ ကြိုဆိုပါတယ်.....

Sunday, February 24, 2013

ပတ်ဝန်းကျင်ကို ထိန်းသိမ်းကြပါစို့..

















ကျွန်တော် ဒီဓာတ်ပုံလေးတွေကို တင်ရတဲ့ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ အားလုံးရဲ့ အနီးကပ်မှာရှိနေတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဂရုပြုမိစေချင်လို့ပါ။ ခုဆို ကျွန်တော်တို့ရဲ့စိမ်းလန်းတဲ့ ကမ္ဘာကြီးဟာ တဖြည်းဖြည်းနဲ့ ခြောက်သွေ့လာပြီဆိုတာ အားလုံးလည်း အသိပဲဖြစ်ပါတယ်။ကျွန်တော်တို့ နေတဲ့ ကမ္ဘာကြီးကို ကာကွယ်ရမှာ ကျွန်တော်တို့တာဝန်ပါ။ ခုဆိုရင်ကမ္ဘာ့နေရာဒေသ အသီးသီးမှာ ရာသီဥတုဆိုးရွာတဲ့ ဒဏ်ကို နေရာတိုင်း နိုင်ငံတိုင်း ခံနေရတာကို အားလုံးလည်း တွေ့မြင်ပြီးဖြစ်မှာပါ။ ပတ်ဝန်းကျင်မထိန်းသိမ်းခဲ့လို့ ရေတွေကြီးတယ် ၊ လေပြင်းမုန်တိုင်းတွေတိုက်တယ် ၊ငလျင်လှုပ်တယ် အမျိုးမျိုးဖြစ်ပေါ်နေကြပါပြီ။ ဒီတော့ ကျွန်တော်တို့အားလုံး လက်တွဲပြီးတော့ ကမ္ဘာကြီးကို ကယ်တင်ကြပါစို့.......

No comments:

Post a Comment