လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းကို ဆွာသားလေး မှ နွေးထွေးစွာ ကြိုဆိုပါတယ်.....

Friday, February 22, 2013

မိန်းမကောင်း အင်္ဂါရပ် (၅) ချက်


(၁) ဆံပင်၏ကောင်းခြင်း

-ဥဒေါင်းမြီးကို စည်းနှောင်ထားကဲ့သို့ ညီညွတ်ခြင်း
-အရောင်အဆင်း သန့်ရှင်းတောက်ပလျက် မည်းနက်ခြင်း
-ထွေးယှက်လိမ်ကောက်မှုမရှိခြင်း
-ပကတိအားဖြင့် ဆံပင်တို့သည် ရနံ့သင်းပျံ့ခြင်း
-ဆံပင်ကိုဖြေချသော် ခြေဖနောင့်အထိရှည်လျားပြီး ဆံပင်သည်မြေသို့မထိဘဲ သားလှီးဓားကဲ့သို့
  ကော့ညွှတ်တတ်နေခြင်း

(၂) အသား၏ကောင်းခြင်း
-နှုတ်ခမ်းသည် ဆေးမဆိုးဘဲ နီမြန်းသော နှုတ်ခမ်းရှိခြင်း
-အထက်အောက်နှုတ်ခမ်းတို့သည် ကောင်းစွာစေ့စပ်သည်ဖြစ်ပြီး ထိနေခြင်း
-လက်ဖဝါး၊ခြေဖဝါးတို့သည် ချိပ်ရည်ဖြင့်တင်ထားသကဲ့သို့ နီမြန်းနေခြင်း

(၃) အရိုး၏ကောင်းခြင်း
-သွားတို့သည် မခေါမပေါ်၊မစိပ်မကျဲ ပုလဲကိုစီထားသကဲ့သို့ရှိခြင်း
-အနိမ့်အမြင့်မရှိ ပကတိညီညွတ်ခြင်း
-အရိုးအဆစ်တို့သည် မခေါမထပြေပြစ်ခြင်း

(၄) အရေ၏ကောင်းခြင်း
-မည်းသောညိုသောအဆင်းရှိသော အမျိုးသမီးတွင် မည်းသည်၊ညိုသည်ဖြစ်စေ
-မတွန့်မလိပ်သော ကိုယ်ရေရှိခြင်း၊ချောမောပြေပြစ်ခြင်း
-ကြာညိုပွင့်နှင့်တူသော အဆင်းရှိခြင်း
-ဝါသော အဆင်းရှိသောမိန်းမကား မဟာလှေကားပွင့်အဆင်းကဲ့သို့ ဝင်းဝင်းတောက်ပခြင်း

(၅) အရွယ်၏ကောင်းခြင်း
-သား(၁ဝ)ယောက်ပင် မွေးဖွားသော်လည်း သား(၁)ကြိမ်သာ မွေးဖွားသူကဲ့သို့ အရေအဆင်း
 ယုတ်လျော့ပျက်စီးမှုမရှိခြင်း။


No comments:

Post a Comment