Friday, February 22, 2013
သမ္မတကြီး ဦးသိန်းစိန်
ဦးသိန်းစိန်သည် လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ၏ အဌမမြောက်၊ ၂၀၀၈
ဖွဲ့စည်းပုံအခြေခံ ဥပဒေ အသက်ဝင်ပြီးနောက် ပထမဆုံး
နိုင်ငံတော်သမ္မတဖြစ်လာသည်။ ၂၀၀၇ ၊ မေလတွင် ယခင်ဝန်ကြီးချုပ် ဦးစိုးဝင်း
ကျန်းမာရေးအခြေအနေ ကျဆင်းပြီးနောက် ၀န်ကြီးချုပ်တာဝန်များ
စတင်ထမ်းဆောင်ရပြီး အောက်တိုဘာတွင် တရားဝင်ခန့်အပ်ခံရသည်။ မြန်မာနိုင်ငံ၏
အမျိုးသားညီလာခံကျင်းပရေးကော်မရှင် ဥက္ကဌဖြစ်သည်။ ၂၀၀၈၊ မေလ
နာဂစ်ဖြစ်ပြီးနောက် အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဗဟိုကော်မတီ
ဥက္ကဌဖြစ်လာခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ရန် ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ရန်
တာဝန်ပေးအပ်ခံရပြီး ၂၀၁၀ ဧပြီမကုန်ခင် အခြား စစ်အရာရှိ ၀န်ကြီး၊ ဒုဝန်ကြီး
(၂၇) ဦးနှင့်အတူ အရပ်ဝတ်လဲလှယ်ပြီး ပါတီထူထောင်ခွင့် လျှောက်ခဲ့သည်။ ၂၀၁၀၊
နိုဝင်ဘာ ၇ ရက်တွင် ကျင်းပသော ပြည်ထောင်စု ရွေးကောက်ပွဲတွင်
ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုလျက် နေပြည်တော်၊ ဇမ္မူသီရိမြို့နယ်တွင်
အရွေးချယ်ခံခဲ့ပြီး ၂၀၁၁၊ ဖေဖော်ဝါရီ ၄ ရက်တွင် သမ္မတအဖြစ်
တင်မြှောက်ခံခဲ့ရသည်။ လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ၏
အဌမမြောက်သမ္မတဖြစ်ပြီး ၂၀၁၁၊ ဧပြီ ၁ ရက်နေ့တွင် သမ္မတတာဝန် စတင်ထမ်းဆောင်ရသူ
ဖြစ်သည်။
ငယ်ဘဝ
၁၉၄၅၊ ဧပြီ ၂၀ တွင် ဧရာဝတီတိုင်း၊
ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ၊ ကျုံကူးရွာတွင် အဖ ဦးအောင်ဖြိုး၊ အမိ
ဒေါ်ခင်ညွန့် တို့မှ မွေးဖွားခဲ့ပြီး ငယ်နာမည်မှာ မောင်သိန်းစိန်ပင်ဖြစ်သည်။
ပညာသင်ဘဝ
အခြေခံပညာကို ငပုတောမြို့နယ်၊ ကျုံကူးရွာ မူလတန်းကျောင်း၊ ချောင်းဝရွာ
အလယ်တန်းကျောင်းနှင့် ပုသိမ်မြို့ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း
တို့တွင် သင်ကြားခဲ့သည်။ အထက်တန်းအောင်ပြီး ပြင်ဦးလွင် စစ်တက္ကသိုလ်
တက်ရောက်ခဲ့ကာ ၁၉၆၈ တွင် အပတ်စဉ် (၉) တွင် ဝိဇ္ဇာဘွဲ့အထူးပြုဖြင့်
အောင်မြင်သင်တန်းဆင်းခဲ့ပြီး တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
နိုင်ငံရေးဘဝ
ကျောင်းဆင်းချိန် ၁၉၆၇ မှ ၁၉၇၃ ထိ ရှမ်းသေနတ်ကိုင်တပ်ရင်း အမှတ် (၁) တွင်
ဒုဗိုလ်အဖြစ် စတင်တာဝန်ထမ်းဆောင်သည်။ ၁၉၈၂ ထိ ရမခ၊ ခမရ (၁၀၉) နှင့် ခလရ
(၈၉) တွင် ဗိုလ်မှူးအဆင့်ဖြင့် လည်းကောင်း၊ ၁၉၈၉ တွင် ဒုဗိုလ်မှူးကြီးအဖြစ်
ခလရ (၈၉)၊ နတခနှင့် ကက(ကြည်း) တွင် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၃
တွင် ဗိုလ်မှူးကြီးအဖြစ် ကက(ကြည်း) နှင့် စကခ(၄)၊ ၁၉၉၆ တွင်
ဗိုလ်မှူးချုပ်အဖြစ် စကခ(၄)နှင့် တသခ၊ ၁၉၉၇ တွင် ဗိုလ်ချုပ်အဖြစ် တသခနှင့်
ကကရေး၊ ၂၀၀၇ တွင် ဗိုလ်ချုပ်ကြီးအဖြစ် ကက(ကြည်း) တွင်
တာဝန်ဆက်လက်ထမ်းဆောင်ခဲ့သည်။
၁၉၉၈ ၀န်းကျင်က စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ခြေလျင်တပ်ရင်းတွင်
တပ်ရင်းမှူး တာဝန်ယူပြီးနောက် စစ်ရုံးသို့ပြောင်းရွှေ့ကာ ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူခဲ့သည်။ ထို့ကြောင့်
ရုံးလုပ်ငန်းနှင့် အုပ်ချုပ်ရေးဘက်တွင် ကျွမ်းကျင်လာခဲ့သည်။ ၁၉၈၈
တပ်မတော်မှ အာဏာသိမ်းပြီး ကကကြည်းတွင် စစ်ဦးစီး ဗိုလ်မှူးကြီးနှင့်
စစ်ဆင်ရေးကွပ်ကဲရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ စစ်ဆင်ရေးကွပ်ကဲမှု
စစ်ဌာနချုပ်များဖွင့်လှစ်သည့်အခါ မှော်ဘီမြို့နယ်၊ ဖူးကြီးအခြေစိုက် စကခ(၄)
တွင် တပ်မမှူး ဖြစ်လာသည်။ ၁၉၉၇ တွင်
တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်ထားခံရချိန်တွင်
ဘိန်းဘုရင်များနှင့် တစ်ဖက်နိုင်ငံမှ ထိုင်းလူမျိုးများဆက်စပ်သည့်
ကိစ္စအ၀၀ကို တာဝန်ယူဖြေရှင်းခဲ့ရသည်။ နယ်စပ်ဒေသရှိ
လူမျိုးစုလက်နက်ကိုင်အဖွဲ့အချို့ကို အပစ်အခတ်ရပ်စဲရန် ကြိုးစားခဲ့ရသည်။
၁၉၉၈ တွင် ဗိုလ်မှူးချုပ်၊ ၂၀၀၁ တွင် ရန်ကုန်စစ်ရုံးချုပ်တွင်
စစ်ရေးချုပ်တာဝန်ယူရသည်။ ၂၀၀၃ တွင် ဒုတိယဗိုလ်ချုပ်ကြီးရာထူးအပြင်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၂)
တာဝန်ယူရသည်။ ၂၀၀၄ တွင် အတွင်းရေးမှူး (၁)ဖြစ်လာခဲ့သည်။
၂၀၀၇၊ ဧပြီတွင် ယာယီဝန်ကြီးချုပ်ဖြစ်လာပြီး အောက်တိုဘာ ၂၄ တွင်
တရားဝင်ဝန်ကြီးချုပ်ဖြစ်ခဲ့သည်။ ၂၀၀၈ နာဂစ်ဒဏ်ခံ ပြည်သူများထံ
သွားရောက်ခဲ့သည့် အစိုးရအရာရှိများထဲတွင် ပထမဆုံးဖြစ်သည်။ နာဂစ်အပြီး
ဖွဲ့စည်းခဲ့သည့် အမျိုးသား သဘာဝဘေးကာကွယ်တားဆီးရေး ဗဟိုကော်မတီ ဥက္ကဌတာဝန်
ပူးတွဲထမ်းဆောင်ခဲ့သည်။ ၂၀၁၀၊ ဧပြီ ၂၄ တွင်
စစ်ဖက်ရာထူးဗိုလ်ချုပ်ကြီးအဖြစ်မှ နှုတ်ထွက်ပြီး ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ
အဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၀၊ နိုဝင်ဘာရွေးကောက်ပွဲတွင် ဦးသိန်းစိန်၏
ပြည်ခိုင်ဖြိုးပါတီက မဲအများစုဖြင့် အနိုင်ရပြီး သမ္မတဖြစ်လာခဲ့သည်။
ဦးသိန်းစိန်သည် စီးပွားရေးနာမည်ပျက်ကင်းပြီး
နိုင်ငံတကာအတွေ့အကြုံရှိသူဖြစ်သည်။ စာဖတ်အားကောင်းပြီး
ဆုံးဖြတ်ချက်ချရာတွင် မြန်ဆန်မှန်ကန်မှုရှိသည်။ သဘောထားပျော့ပျောင်းကာ
အားလုံးကိုချစ်ခင်ကြင်နာတတ်သည်။
နိုင်ငံတကာဆက်ဆံရေး
ဝန်ကြီးချုပ်ဖြစ်ပြီးနောက် ချစ်ကြည်ရေးခရီးစဉ်များအဖြစ် တရုတ်၊ လာအို၊
ကမ္ဘောဒီးယား၊ ထိုင်း စသည့်နိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့ပြီး
နှစ်နိုင်ငံဆက်ဆံရေး ဆောင်ရွက်ခဲ့သည်။ အာဆီယံအစည်းအဝေးများ၊
တောင်အာရှနိုင်ငံများ၊ တရုတ်၊ ဂျပန်၊ အမေရိကန် နိုင်ငံများသို့
သွာရောက်ခဲ့သည်။ ၂၀၀၉ မတ်လအတွင်း သွားရောက်ခဲ့သည့် စင်ကာပူခရီးစဉ်တွင်
စင်ကာပူမှ သစ်ခွတစ်မျိုးကို ဒမ်ဒရိုဗီယမ်သိန်းစိန်
ဟု အမည်ပေး ဂုဏ်ပြုခြင်းခံရသည်။ ၂၀၁၁၊ အောက်တိုဘာ ၁၂ ရက်တွင်
နိုင်ငံတော်သမ္မတအဖြစ် ဇနီးဒေါ်ခင်ခင်ဝင်းနှင့်အတူ အိန္ဒိယသမ္မတ၏
ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီး ထွက်ခွာခဲ့သည်။
ဂုဏ်ပြုချီးကျူးခံရခြင်း
၁၉၈၈ တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ရရှိခဲ့သည်။
၂၀၀၉ ၊ မတ်လတွင် စင်ကာပူခရီးစဉ်တွင် သစ်ခွတစ်မျိုးကို ဒမ်ဒရိုဗီယမ်သိန်းစိန် ဟု အမည်ပေး ဂုဏ်ပြုခံရသည်။
၂၀၁၁၊ ဇန်န၀ါရီ ၄ ရက်တွင် အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဘွဲ့ ရရှိခဲ့သည်။
မိသားစု
ဇနီးသည်မှာ ဒေါ်ခင်ခင်ဝင်းဖြစ်ပြီး သမီးသုံးဦးထွန်းကားခဲ့သည်။ ယခုအခါ
နေပြည်တော် သမ္မတအိမ်တော်တွင် နေထိုင်လျက်ရှိသည်။ ၂၀၁၂ ၊ ဇန်န၀ါရီ ၃၁
ရက်တွင် စင်ကာပူနိုင်ငံ Mt.Elizabeth ဆေးရုံတွင် ကျန်းမာရေးစစ်ဆေးမှု
ခံယူခဲ့သည်။ ဦးသိန်းစိန်တွင် နှလုံးရောဂါရှိပြီး ၂၀၀၄ မှစကာ နှလုံးခုန်စက်
တပ်ဆင်ထားရသည်ဟု ဆိုပါသည်။
သမ္မတကြီး ဦးသိန်းစိန်
နိုင်ငံတော် သမ္မတကြီး သမ္မတအဂ္ဂမဟာ သရေစည်သူ ဦးသိန်းစိန် ၏အတ္တုပတ္တိ
သမ္မတကြီး ဦးသိန်းစိန်သည်လက်အောက်ငယ်သားတွေအပေါ်မှာ
တကယ်ပဲ သနားကျင်နာတဲ့သူ တစ်ဦးပါ သမ္မတကြီးကို ၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက်
နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်တွင် အဘ
ဦးမောင်ဖြိုး၊ အမိ ဒေါ်ခင်ညွန့် တို့မှဖွားမြင်ခဲ့သူဖြစ်သည်။
အခြေခံပညာကို ပုသိမ်ခရိုင် ငပုတောမြို့ နယ် ကျုံကူးရွာ မူလတန်းကျောင်း၊ ချောင်းဝရွာ အလယ်တန်းကျောင်း န
ှင့် ပုသိမ်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း တို့၌ ပညာသင်ကြားခဲ့သည်။
ထို့နောက် စစ်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ရာ ၀ိဇ္ဇာဘွဲ့(စစ်တက္ကသိုလ်)ရရှိ ခဲ့ပြီး ၁၉၆၇ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ရှမ်း(၁)တွင် ဗိုလ်ကြီးအဆင့်ဖြင့် လည်းကောင်း၊
၁၉၈၂ ခုနှစ်အထိ ရမခ၊ ခမရ(၁၀၉) နှင့်ခလရ(၈၉)တို့တွင် ဗိုလ်မှူးအဆင့် ဖြင့်လည်းကောင်း၊
၁၉၈၉ ခုနှစ် တွင် ဒုဗိုလ်မှူးကြီးအဖြစ် ခလရ(၈၉)၊ နတခနှင့် ကက(ကြည်း)တို့တွင် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၉၃ ခုနှစ်တွင် ဗိုလ်မှူးကြီး အဖြစ် ကက(ကြည်း)နှင့် စကခ(၄)၊
၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဖြစ် စကခ(၄)နှင့်တသခ၊
၁၉၉၇ခုနှစ်တွင် ဗိုလ်ချုပ်အဖြစ် တသခနှင့်ကကရေး၊
၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် ကက(ကြည်း)တွင်တာဝန်ဆက်လက် ထမ်းဆောင်ခဲ့သည်။
ဦးသိန်းစိန်သည် ၂၀၀၆ ခုနှစ် မှစတင်၍ နယကအဖွဲ့ နယကအဖွဲ့ ၀င်အဖြစ်လည်းကောင်း၊
အတွင်းရေး မှူး(၂)အဖြစ်လည်းကောင်း၊ အတွင်း ရေးမှူး(၁)အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကာ
၂၀၀၈ ခုနှစ် တွင် ခေတ္တ၀န်ကြီးချုပ်၊
၂၀၀၈ ခုနှစ် အောက်တိုဘာလမှ စတင်၍ နိုင်ငံတော် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၈ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ကို ရရှိခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၌ဥက္ကဋ္ဌ တာဝန်ထမ်း ဆောင်ခဲ့ကာ
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။
၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက် နေ့တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသူ ဦးသိန်းစိန်သည် ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်တွင် ကတိသစ္စာပြုပြီး နိုင်ငံတော်သမ္မတ တာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်အစိုးရ လက်ထက် တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်ကလည်း အထက်အမိန့်နာခံ တတ်မှု၊ အောက်လက်ငယ်သားတို့ အပေါ် စာနာတတ်မှုတို့ဖြင့် ထင်ရှား ခဲ့ပြီး နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူချိန်တွင်လည်း ပြည်သူလူထု၏ ဆန္ဒနှင့်အသံကို နားထောင်သူအဖြစ် မြစ်ဆုံအရေးနှင့် အတူ ထင်ရှားလာ သူ ဖြစ်သည်။
“၈၈ အရေးအခင်းပြီးတော့ ကျွန်တော့်သား အိမ်ကနေ ရုတ်တရက် ပျောက်သွားပါတယ်။ နယ်စပ်ဘက်ကို ရှောင်ပြေးသွားတာ။ တစ်ပတ်၊ နှစ်ပတ်လောက် ဘယ်မှာမှ စုံစမ်းလို့မရဘူး။ သုံး၊ လေးပတ် လောက်နေမှ စုံစမ်းလို့ရတယ်။
အိန္ဒိယနယ်စပ် ကလေးမှာရှိတဲ့ တပ် ရင်းတစ်ရင်းက ထွက်ပြေးသွားတဲ့ ဆေးကျောင်းသားတွေကို ဖမ်းမိထားတယ်လို့ သတင်းရတယ်။ အဲဒါနဲ့ ကျွန်တော် မော်လိုက်ကနေ ကလေး ကိုလိုက်သွားပြီး ကျွန်တော့်သားများ ပါမလားလို့ အဲဒီတပ်ရင်းမှူးနဲ့ သွား တွေ့တယ်။
တပ်ရင်းမှူးက ဖက်လဲ တကင်းနဲ့ နှုတ်ဆက်တယ်။ ကလေး တွေကို တားဆီးထားကြောင်း ပြောပါတယ်။ တကယ်ကတော့ ကလေးတွေက ပြန်ဝင်လာတာ မဟုတ်ဘူး။
ထွက်ပြေးပြီးတော့ လက်နက်ကိုင်ဖို့ သွားတဲ့သူတွေဖြစ်လို့ ကြိုက်တာ လုပ်လို့ရတဲ့ အနေအထားပါ။
ဒါပေမယ့် တကယ့်ကိုဖက်လဲတကင်းနဲ့ ကလေးတွေကိုလည်း ကောင်းကောင်း မွန်မွန် စောင့်ရှောက်ထားတယ်။
ပြီးတော့ ရပ်မိရပ်ဖတွေက တစ်ဆင့် ကျွန်တော့်သား အပါအ၀င် တခြား ဆေးကျောင်းသားတွေကိုပါ အပ်နှံလိုက်တယ်။ ကျွန်တော်တို့ ခေါင်းမီး တောက်တာကို ပြေပျောက်စေခဲ့ တယ်။
အဲဒီတပ်ရင်းမှူးက အရမ်း သဘောကောင်းတယ်။ ဆက်ဆံရေး ပြေပြေပြစ်ပြစ်ရှိတယ်။ မောက်မာမှု မရှိဘူး။
ကလေးတွေကိုလည်း သူ့ သားသမီးလို ဆက်ဆံတယ်။ ကလေး တွေကို ဆုံးမစကားပြောတဲ့အခါမှာ လည်း ဆန့်ကျင်ဘက် နိုင်ငံရေးစကား တွေ ရင့်ရင့်သီးသီး တစ်ခွန်းမှမပါဘဲ လူကြီးတစ်ယောက်က ဆုံးမစကား ပြောသလို ပြောခဲ့တယ်။ ကလေးတွေ ကို ပြန်အပ်လိုက်တဲ့ တပ်ရင်းမှူးက အသက် ၄၀ ကျော်ပဲ ရှိသေးတဲ့ အဲဒီ တုန်းက ဒုတိယဗိုလ်မှူးကြီးသိန်းစိန် ပါ။ အခု နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ပါ။
ဒီကြားထဲမှာ သူနဲ့ လည်း ထပ်မတွေ့တော့ပါဘူး။ ကျွန်တော်သိတဲ့ သမ္မတကြီးဟာ ဒီလိုလူမျိုးဆိုတာ ပြောပြတာပါ”
ဟု ဦးအောင်သင်း (အထွေထွေမန်နေဂျာ (ငြိမ်း)မြန်မာ့သစ်လုပ်ငန်း ) က ပြော ကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် အစိုးရအဖွဲ့သစ်ကို ဦးဆောင် တာဝန်ယူခဲ့ပြီးချိန် နောက်ပိုင်းကာလ တစ်လျှောက်လုပ်ဆောင်ခဲ့သည်များ မှာ ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။
အခြေခံပညာကို ပုသိမ်ခရိုင် ငပုတောမြို့ နယ် ကျုံကူးရွာ မူလတန်းကျောင်း၊ ချောင်းဝရွာ အလယ်တန်းကျောင်း န
ှင့် ပုသိမ်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း တို့၌ ပညာသင်ကြားခဲ့သည်။
ထို့နောက် စစ်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ရာ ၀ိဇ္ဇာဘွဲ့(စစ်တက္ကသိုလ်)ရရှိ
၁၉၈၂ ခုနှစ်အထိ ရမခ၊ ခမရ(၁၀၉) နှင့်ခလရ(၈၉)တို့တွင် ဗိုလ်မှူးအဆင့် ဖြင့်လည်းကောင်း၊
၁၉၈၉ ခုနှစ် တွင် ဒုဗိုလ်မှူးကြီးအဖြစ် ခလရ(၈၉)၊ နတခနှင့် ကက(ကြည်း)တို့တွင် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၉၃ ခုနှစ်တွင် ဗိုလ်မှူးကြီး အဖြစ် ကက(ကြည်း)နှင့် စကခ(၄)၊
၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဖြစ် စကခ(၄)နှင့်တသခ၊
၁၉၉၇ခုနှစ်တွင် ဗိုလ်ချုပ်အဖြစ် တသခနှင့်ကကရေး၊
၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် ကက(ကြည်း)တွင်တာဝန်ဆက်လက် ထမ်းဆောင်ခဲ့သည်။
ဦးသိန်းစိန်သည် ၂၀၀၆ ခုနှစ် မှစတင်၍ နယကအဖွဲ့ နယကအဖွဲ့ ၀င်အဖြစ်လည်းကောင်း၊
အတွင်းရေး မှူး(၂)အဖြစ်လည်းကောင်း၊ အတွင်း ရေးမှူး(၁)အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကာ
၂၀၀၈ ခုနှစ် တွင် ခေတ္တ၀န်ကြီးချုပ်၊
၂၀၀၈ ခုနှစ် အောက်တိုဘာလမှ စတင်၍ နိုင်ငံတော် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၈ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ကို ရရှိခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။
၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက် နေ့တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသူ ဦးသိန်းစိန်သည် ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်တွင် ကတိသစ္စာပြုပြီး နိုင်ငံတော်သမ္မတ တာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်အစိုးရ လက်ထက် တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်ကလည်း အထက်အမိန့်နာခံ တတ်မှု၊ အောက်လက်ငယ်သားတို့ အပေါ် စာနာတတ်မှုတို့ဖြင့် ထင်ရှား ခဲ့ပြီး နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူချိန်တွင်လည်း ပြည်သူလူထု၏ ဆန္ဒနှင့်အသံကို နားထောင်သူအဖြစ် မြစ်ဆုံအရေးနှင့် အတူ ထင်ရှားလာ သူ ဖြစ်သည်။
“၈၈ အရေးအခင်းပြီးတော့ ကျွန်တော့်သား အိမ်ကနေ ရုတ်တရက် ပျောက်သွားပါတယ်။ နယ်စပ်ဘက်ကို ရှောင်ပြေးသွားတာ။ တစ်ပတ်၊ နှစ်ပတ်လောက် ဘယ်မှာမှ စုံစမ်းလို့မရဘူး။ သုံး၊ လေးပတ် လောက်နေမှ စုံစမ်းလို့ရတယ်။
အိန္ဒိယနယ်စပ် ကလေးမှာရှိတဲ့ တပ် ရင်းတစ်ရင်းက ထွက်ပြေးသွားတဲ့ ဆေးကျောင်းသားတွေကို ဖမ်းမိထားတယ်လို့ သတင်းရတယ်။ အဲဒါနဲ့ ကျွန်တော် မော်လိုက်ကနေ ကလေး ကိုလိုက်သွားပြီး ကျွန်တော့်သားများ ပါမလားလို့ အဲဒီတပ်ရင်းမှူးနဲ့ သွား တွေ့တယ်။
တပ်ရင်းမှူးက ဖက်လဲ တကင်းနဲ့ နှုတ်ဆက်တယ်။ ကလေး တွေကို တားဆီးထားကြောင်း ပြောပါတယ်။ တကယ်ကတော့ ကလေးတွေက ပြန်ဝင်လာတာ မဟုတ်ဘူး။
ထွက်ပြေးပြီးတော့ လက်နက်ကိုင်ဖို့ သွားတဲ့သူတွေဖြစ်လို့ ကြိုက်တာ လုပ်လို့ရတဲ့ အနေအထားပါ။
ဒါပေမယ့် တကယ့်ကိုဖက်လဲတကင်းနဲ့ ကလေးတွေကိုလည်း ကောင်းကောင်း မွန်မွန် စောင့်ရှောက်ထားတယ်။
ပြီးတော့ ရပ်မိရပ်ဖတွေက တစ်ဆင့် ကျွန်တော့်သား အပါအ၀င် တခြား ဆေးကျောင်းသားတွေကိုပါ အပ်နှံလိုက်တယ်။ ကျွန်တော်တို့ ခေါင်းမီး တောက်တာကို ပြေပျောက်စေခဲ့ တယ်။
အဲဒီတပ်ရင်းမှူးက အရမ်း သဘောကောင်းတယ်။ ဆက်ဆံရေး ပြေပြေပြစ်ပြစ်ရှိတယ်။ မောက်မာမှု မရှိဘူး။
ကလေးတွေကိုလည်း သူ့ သားသမီးလို ဆက်ဆံတယ်။ ကလေး တွေကို ဆုံးမစကားပြောတဲ့အခါမှာ လည်း ဆန့်ကျင်ဘက် နိုင်ငံရေးစကား တွေ ရင့်ရင့်သီးသီး တစ်ခွန်းမှမပါဘဲ လူကြီးတစ်ယောက်က ဆုံးမစကား ပြောသလို ပြောခဲ့တယ်။ ကလေးတွေ ကို ပြန်အပ်လိုက်တဲ့ တပ်ရင်းမှူးက အသက် ၄၀ ကျော်ပဲ ရှိသေးတဲ့ အဲဒီ တုန်းက ဒုတိယဗိုလ်မှူးကြီးသိန်းစိန
ဒီကြားထဲမှာ သူနဲ့ လည်း ထပ်မတွေ့တော့ပါဘူး။ ကျွန်တော်သိတဲ့ သမ္မတကြီးဟာ ဒီလိုလူမျိုးဆိုတာ ပြောပြတာပါ”
ဟု ဦးအောင်သင်း (အထွေထွေမန်နေဂျာ (ငြိမ်း)မြန်မာ့သစ်လုပ်ငန်း
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် အစိုးရအဖွဲ့သစ်ကို ဦးဆောင် တာဝန်ယူခဲ့ပြီးချိန် နောက်ပိုင်းကာလ တစ်လျှောက်လုပ်ဆောင်ခဲ့သည်များ မှာ ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။
Subscribe to:
Posts (Atom)