ကျွန်တော် ဒီနေ့တော့ မရှိမဖြစ်လိုအပ်တဲ့ ဆော့ဝဲလေးတွေတင်ပေးချင်ပါတယ်။ ခု ကျွန်တော် တင်ပေးမယ့် ဆော့ဝဲလေးတွေကတော့ Broswers တွေပဲဖြစ်ပါတယ်။ခု ကျွန်တော် Maxthon ဆိုတဲ့ Broswers လေးကိုပေးချင်ပါတယ်။ ဒီကောင်လေးကနောက်ဆုံးထွက် Version လေးလည်းဖြစ်ပါတယ်ဒီကောင်လေးရဲ့ အားသာချက်ကတော့ အင်တာနက်သုံးတဲ့ အခါမှာ မြန်မြန်ဆန်ဆန်လေးသုံးနိုင်တာပါပဲ။ ဒါ့အပြင် အထဲမှာလည်း ကိုယ်ဖွင့်ချင်တဲ့ ဆိုဒ်တွေ သီးသန့်လုပ်ပေးထားပါတယ်။ ဥပမာ အနေနဲ့ Facebook ,Googleနဲ့ Youtubeအစရှိသဖြင့် လွယ်လွယ်ကူကူဖွင့်လို့ရပါတယ်။ ဒါတင်မကသေးပဲ နေ့စဉ် တင်သမျှ သတင်းတွေကိုလည်း အင်္ဂလိပ်လို တိုက်ရိုက်ဖတ်ရှု နိုင်ပါတယ်။ အဲ့ဒါကြောင့်ဒီ Broswers လေးကတော့ အင်တာနက်သုံးနေတဲ့ လူတိုင်းအတွက် သုံးသင့်ပါတယ်။တကယ်ကောင်းတဲ့ Broswers ဖြစ်တယ်ဆိုတာ ကျွန်တော် လက်တွေ့သုံးလို့ အာမခံပါတယ်။မြန်မာဖောင့်ချိန်းတာကတော့ ပုံမှန်လိုပဲSetting ထဲကနေပဲသွားပြောင်းရတာပါ။ မြန်မာဖောင့် ပြောင်းလို့ အဆင်မပြေဘူးဆိုရင် ကျွန်တော့် မေးကိုဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်။လိုအပ်ရင်ကျွန်တော် ပုံလေးတွေနဲ့ တကွ ရှင်းပြပေးပါ့မယ်။ခုတော့ Maxthon ကိုသုံးပြီးတော့ မိမိအသုံးပြုချင်တဲ့ ဆိုဒ်လေးတွေကို သွားလည်လိုက်ပါဦးနော်။ဆော့ဝဲကို လိုချင်ရင်တော့ အောက်က လင့်လေးမှာ အလွယ်တကူဒေါင်းနိုင်ပါတယ်နော်။
ဆော့ဝဲကို ဒီနေရာကနေ Download လုပ်နိုင်ပါတယ်>>>>Click Here
No comments:
Post a Comment