ဒီကောင်လေးကလည်း Broswers နောက်တစ်ခုပဲဖြစ်ပါတယ်။ ဒီကောင်လေးကတော့ Firfox နဲ့ညီအစ်ကိုလို့ပြောလို့ရပါတယ်။ ဘာလို့ လည်းဆိုရင် Firfox ပြီးတော့ နောက်ထပ် ထပ်ထုတ်ထားတဲ့Broswers ပဲဖြစ်ပါတယ်။ဒီကောင်လေးကိုတော့ သုံးဖူးသူတိုင်းက Firfox ထက် ပိုမြန်တယ်ဆိုတာကို လက်ခံကြပါတယ်။ပိုပြီးတော့သွက်လာပါတယ်။ မကြာသေးခင်ကပဲ ဒီကောင်လေးနဲ့ပတ်သတ်ပြီးတော့ မည်သည့် Hacker မဆို ၀င်ပြီးတော့ Hack နိုင်ရင် ဆုငွေပေးမယ်လို့တောင် ကြေညာထားတာပါ။ ဒီတော့ ဘယ်လောက်ကောင်းပြီးတော့ ဘယ်လောက်တောင် မှ လုံခြုံတယ်ဆိုတာ ခန့်မှန်းသာကြည့်လိုက်ပါတော့။ ဒီဆော့ဝဲလေးရဲ့နာမည်ကတော့ Chrome လို့ပေးထားပါတယ်။ ခုကျွန်တော်တင်ပေးတာကတော့ နောက်ဆုံး ထွက် Version လေးပါ။ Chrome နဲ့ပတ်သတ်လို့ တစ်ခုခု နားမလည်တာရှိရင် ကျွန်တော့်ကိုမေး မြန်းနိုင်ပါတယ်။ လိုအပ်တယ်ဆိုရင် သိချင်တာလေးတွေကို ပုံလေးတွေနဲ့ကျွန်တော်တင်ပေးပါ့မယ်။ Chrome သွက်မသွက်ဆိုတာတော့ သုံးကြည့်မှ သိပါလိမ့်မယ်။ Chrome က သွက်လား Firfox ကသွက်သလားဆိုတာ ကိုယ်တိုင်သာ သုံးကြည့်လိုက်ပါတော့။ဆော့ဝဲကိုလိုချင်တယ်ဆိုရင်တော့ အောက်မှာ အလွယ်တကူဒေါင်းပြီးယူနိုင်ပါတယ်နော်။
ဆော့ဝဲကို ဒီနေရာကနေ Download လုပ်ပြီး ရယူနိုင်ပါတယ် >>>Click Here
No comments:
Post a Comment