လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းကို ဆွာသားလေး မှ နွေးထွေးစွာ ကြိုဆိုပါတယ်.....

Wednesday, March 6, 2013

Skype လေးကောင်းမကောင်းသုံးကြည့်ကြရအောင်



ဒီနေ့တော့ကျွန်တော် Call ခေါ်တဲ့ ဆော့ဝဲလေးပေးချင်ပါတယ်။ဒီဆော့ဝဲလေးက လူတိုင်းလည်းသိပြီးသားဖြစ်မယ် ထင်ပါတယ်။ Skype ဆိုရင် လူတိုင်းသိပါတယ်။ လူသုံးလည်းများသလို တော်တော်လည်းကောင်းပါတယ်။ ကော်နက်ရှင် သိပ်မကောင်းဘူးဆိုရင်တောင် Skype နဲ့ခေါ်မယ်ဆိုရင် စကားကောင်းကောင်းပြောလို့ရတာကို လူတိုင်းသိကြပါတယ်။Skype ရဲ့ အားသာချက်ကတော့ Video Call ပါခြင်း၊ စကားပြောလို့ရခြင်း၊ အပြန်အလှန် စာဖြင့်ဆက်သွယ်လို့ ရတဲ့ အချက်တွေကြောင့်တော်တော်လေးကို နာမည်ကြီးပါတယ်။ ဖုန်းအဖြစ်ပါ အသုံးပြုချင်တယ်ဆိုရင်တော့ Skype မှာ ပိုက်ဆံဖြည့်ပြီး တစ်ဖက်ဖုန်းကို လှမ်းခေါ်လို့ရပါတယ်။ စကိုက်ကို အသုံးပြုပုံကတော့ ရိုးရှင်းပါတယ်။ ဒါပေမယ့်လည်း မိမိမှာ စကိုက် အကောင့်ရှိဖို့တော့လိုပါတယ်။ တစ်ဖက်လူလည်း Skype ကို ရမ်းထားမယ်  မိမိလည်းရမ်းထားမယ်ဆိုရင် စကားကောင်းကောင်းပြောလို့ရပါပြီ။စကိုက်ကောင်းမကောင်းဆိုတာကိုတော့ သုံးကြည့်မှ သိပါလိမ့်မယ်။ခုကျွန်တော် နောက်ဆုံးထွက် Skype Version လေးကို ကျွန်တော် တင်ပေးထားပါတယ်။ စကိုက်ကို အသုံးပြုကြည့်ချင်တဲ့လူတွေ ဒေါင်းပြီးသာ စိတ်ချ လက်ချအသုံးပြုကြည့်လိုက်ပါ။ စကိုက်ရှိပြီးသားလူတွေကလည်း နောက်ဆုံးထွက် Version ကောင်းမကောင်းကို ပြောင်းလဲ အသုံးပြုကြည့်လိုက်ပါဦးလို့ အကြံပေးချင်ပါတယ်။ ဆော့ဝဲကို ပေးထားတဲ့နေရာကနေ အလွယ်တကူ ဒေါင်းလော့ချပြီးသုံးကြည့်လိုက်ပါဦးနော်။


ဆော့ဝဲကိုလိုချင်ရင် ပေးထားတဲ့နေရာကနေ ဒေါင်းလော့ ယူလိုက်ပါ>>>Click Here

No comments:

Post a Comment