လာရောက်လည်ပတ်သူမိတ်သဟာအပေါင်းကို ဆွာသားလေး မှ နွေးထွေးစွာ ကြိုဆိုပါတယ်.....

Sunday, March 3, 2013

ကွန်ပျူတာ ၀င်းဒိုးတင်နည်းစာအုပ်

ဒီနေ့တော့ ကျွန်တော် စာအုပ်ကောင်းလေး တစ်အုပ်ကို ပေးချင်ပါတယ်။စာ အုပ်ကတော့ ၀င်ဒိုးတင်နည်းစာအုပ်ပါပဲ။ရေးထားတာကတော့ ကျွန်တော့် အကိုကြီး ကိုနေမင်းမောင် ရေးထားတာပါ။ခုလက်ရှိမြန်မာ နိုင်ငံမှာ ၀င်ဒိုးတင်တာနဲ့ပတ်သတ်လို့ တော်တော် စိတ်ကသိ ကအောက်ဖြစ်စရာတွေဖြစ်နေပါတယ်။ဆိုင်မှာ သွားတင်ရင်လည်း ပိုက်ဆံ ၅၀၀၀ မျိုး ၁၀၀၀၀ မျိုးတောင်းပါတယ်။ဒီအခက်အခဲတွေကို ဒီစာအုပ်လေး ဖတ်ရင်းနဲ့ ဖြေရှင်းနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အထဲမှာ ပုံလေးတွေ တစ်ခု ချင်းစီနဲ့ သေချာ ရှင်းပြထားတဲ့ အတွက် နားလည်မှာပါ။ကျွန်တော်တောင် အရင်က ၀င်းဒိုးမတင်တက်ပါဘူး။ ကိုနေမင်းမောင် ရဲ့ ဒီစာအုပ်ဖတ်ပြီးမှ လုပ်တက်သွားတာပါ။ အပြောမဟုတ်ပါဘူး လက်တွေ့ပါ။ခုဒီစာအုပ်လေးကိုတော့ ဒေါင်းပြီးသာ သိမ်းထားစေချင်တယ်။တကယ်လိုအပ်လို့ပါ။မိမိတင်တက်သွားပြီဆိုရင်တောင်တခြားလူတွေ ကိုပြန်ပြီးတော့ ပေးဖတ်လို့ရပါတယ်။ပညာ မျှဝေတဲ့သဘောလေးပါပဲ။ခုတော့ ၀င်ဒိုးမတင်တက်သေးတဲ့ သူတွေ ဒီစာအုပ်လေးကို ဖတ်ပြီးတော့ တင်ကြည့်ပါဦးနော်။

No comments:

Post a Comment