Saturday, May 11, 2013
Tuesday, May 7, 2013
Wednesday, May 1, 2013
Sunday, April 28, 2013
ဆုတောင်း
ကဲ....သူငယ်ချင်းတွေအပန်းဖြေဖို့ သီချင်းကောင်းလေးတစ်ပုဒ်လည်း နားထောင်သွားပါဦး ဒါမှ တစ်နေ့တာ ပင်ပန်းတာတွေ အားလုံးပြေပျောက်မှာပါ....
Wednesday, April 24, 2013
Monday, April 22, 2013
Friday, April 19, 2013
Sunday, April 7, 2013
မေမေ သိပါစေ...
"မင်းကို ပပ လိုက်ရှာနေတယ် မင်းသူ့ကိုဘာလို့ရှောင်နေတာလဲ"
ကျွန်တော်ထူးဇော်ပြောတဲ့စကားကို တုံ့ပြန်ဖို့အဖြေကရေရေ ရာရာမရှိပါ ကျွန်တော်သူမေးတဲ့မေးခွန်းကိုဖြေဖို့ဆိုတာ အားအင်လည်းမရှိတော့သလို ဖြစ်နေခဲ့ပါတယ်
"မင်းဘာလို့သူ့ကို သွားမတွေ့တာလဲငါကတော့ကွာ မင်း ဒီတခါတော့သွားတွေ့သင့်တယ်လို့ထင်တယ်ကွာ"
"အေးပါကွာ ငါခုချိန်မှာ သူနဲ့မတွေ့တာ အကောင်းဆုံးပဲလို့ထင်လို့ပါ ပြီးတော့ ငါဒီထက်လည်း မခံစားချင်တော့ဘူးကွာ"
ကျွန်တော်ထူးဇော်ကို ဒီအဖြေပဲပေးနိုင်ပါတယ် ကျွန်တော်ရဲ့အဖြစ်ကဒီကမ္ဘာမှာ ဘယ်သူမှဖြစ်ဖူးမယ်လည်းမထင်ပါဘူး ကျွန်တော်က ကံဆိုးနေတာလား ကံတရားကပဲ ဒဏ်ခတ်တာလားဆိုတာ ကျွန်တော် ကိုယ်တိုင်မသိတော့တာ အမှန်ပါ
"အေးပါကွာ ဒါတော့ မင်းခံစားချက်နဲ့မင်းမိုလို့ ငါမပြောလိုပါဘူး မင်းသဘောပါပဲ သူငယ်ချင်းခုတော့
မင်းလည်း တခုခုစားပြီးအားမွေးလိုက်ပါဦး ငါနဲ့အပြင်မှာ သွားပြီး ထမင်းသွားစားတာပေါ့ လာ ထကွာ သွားရအောင်"
ကျွန်တော် ထူးဇော် စွဲခေါ်ရာကို ပါလာခဲ့ပါတယ် ဒါပေမယ့် ကျွန်တော့်စိတ်က ဟိုးအဝေးကို ပြန်မြင်ယောင်မိနေတယ်....
"မေမေ သား ဆယ်တန်းအောင်ပြီ ဂုဏ်ထူး သုံးခုတောင်ပါတယ်"
ကျွန်တော်ဝမ်းသာ အားရ အိမ်ပေါ်ကိုပြေးတက်ပြီး အမေ့ကို အော်ပြောမိတယ် မေမေဟင်းချက်ရာကနေ ထွက်လာပြီး ၀မ်းသာအားရကျွန်တော့်ကိုပြေးဖက်တယ်
"ဟုတ်လားသား မေမေလည်းအရမ်းဝမ်းသာတယ် သားလိုချင်တာကိုပြော မေမေ အားလုံးသားကို ၀ယ်ပေးမယ် ပြီးတော့သား တက္ကသိုလ်ကို တက်ရမယ်သားတက်ချင်တာကို သားေ၇ွးထား ပြီးရင် သားအန်တီရှိတဲ့ရန်ကုန်ကို သားကျောင်းတက်ရမယ်နော် သား "
"ဟုတ်ကဲ့မေမေ"
ကျွန်တော် မေမေနဲ့အဲ့နေ့က ၀မ်းသာလွန်းလို့ စားဖို့တောင် မှ သတိမရပါဘူး မေမေ့မျက်ဝန်းမှာလည်းဝမ်းသာလွန်းလို့မျက်ရည်တွေ ကျဆင်းနေသလို ကျွန်တော်မျက်ဝန်းကလည်း မျက်ရည်တွေနဲ့ ပြည့်နေမိတယ် ကျွန်တော်နဲ့ မေမေက အမေတစ်ခုသားတစ်ခု နဲ့ဘ၀ကိုရပ်တည်ခဲ့ရ
တာပါ။
ကျွန်တော် ခြောက်တန်းနှစ်လောက်ကတည်းက ဖေဖေ လူ့လောက ထဲကနေ ထွက်သွားခဲ့တယ် အဲ့အချိန်ကတည်းက မေမေက ကျွန်တော့် အတွက် အဖေဆိုလည်း ဟုတ်ပါတယ် ကျွန်တော့်ရဲ့ အားအင်က အဲ့အချိန်ကတည်းက မေမေ တစ်ယောက် ထဲပဲရှိလာခဲ့တယ် ဖေဖေဆုံးတဲ့နေ့က မေမေ ပြောတဲ့စကားကို ခုချိန်ထိ ကျွန်တော် နားထဲမှာ ကြားယောင်နေတုန်းပါပဲ မျက်ရည်တွေနဲ့ငိုနေတဲ့ကျွန်တော့်ကို မေမေက ဖတ်ပြီး
"သား မငိုနဲ့သားဘ၀မှာ မေမေ တစ်ယောက်လုံးရှိပါသေးတယ် သားရဲ့အနာဂတ်ကို မေမေ ဖန်တီးပေးနိုင်ပါတယ်"
မေမေက အဲ့ဒီအချိန်ကတည်းက ကျွန်တော့်ဘ၀ရဲ့ အနာဂတ်ဖြစ်ခဲ့ပါတယ် မေမေ စီးပွားရေးတွေနားမလည်ဘူး ကျွန်တော် အတွက်နဲ့ မေမေ ကျွန်တော်ဆယ်တန်းထိ ပင်ပင်ပန်းပန်းရှာဖွေကျွေးမွေးခဲ့တယ် အိမ်ဆိုင်လေး တည်ပြီး ကျွန်တော့်ကို ကျွေးမွေးခဲ့
သလို တဖက်ကလည်း ရှိတဲ့ငွေလေးကို စီးပွားရေးလုပ်ခဲ့တယ် ဒီလိုနဲ့ပဲကျွန်တော် ဆယ်တန်းကို အောင်မြင်ခဲ့ပါတယ်။
မေမေ ကခေတ်ပညာ သိပ်မတက်ခဲ့ပါဘူး မေမေ က ကျောင်းကို ငါးတန်းလောက်ထိပဲနေခဲ့ရပေမယ့် မေမေ စာကောင်းကောင်းဖတ်တက်သလို စာလည်းကောင်းကောင်းရေးတက်ပါတယ် မေမေရေးတဲ့ စာလုံးတွေက ခေတ်ပညာတက် ကျွန်တော့်အတွက် အတုယူဖို့မလွယ်ပါဘူး မေမေဟာကျွန်တော့်ရဲ့အနာဂတ်ဖန်တီးရှင် ဆိုတာ ကျွန်တော်တင်မကပါဘူး ပတ်ဝန်းကျင်ကပါ အားလုံးသိပါတယ် အဲ့နေ့က ကျွန်တော် တညလုံးမေမေနဲ့ကျွန်တော့်အနာဂတ်ကို ဆွေးနွေးခဲ့ကြတယ်
"သား ခုဆယ်တန်းအောင်ပြီဆိုတော့ သား တက်ချင်တာကိုပြောလေ မေမေသားဖြစ်ချင်တာကို အားလုံးထားပေးမယ် သားဆေးကျောင်းတက်မလား"
မေမေကျွန်တော့်ကို မေးတဲ့ မေးခွန်းအတွက်ကျွန်တော်မှာအဖြေဆိုတာရှိပြီးသားပါ
"မေမေ သား ဆေးကျောင်းတော့မတက်ချင်ဘူး သား အလုပ်လုပ်ပြီးပဲ အဝေးသင်နဲ့ ဘွဲ့တခုယူလိုက်တော့မယ် "
"တော်စမ်းသား"
မေမေ့ဒေါသသံက ကျွန်တော့်ကိုထိတ်လန့်သွားစေခဲ့တယ်
"သားကို သားဖေဖေ ဆုံးကတည်းက မေမေ စောင့်ရှောက်ခဲ့တယ်သား လက်တွေက ဒီလိုပင်ပင်ပန်းပန်း အလုပ်လုပ်ဖို့မဟုတ်ဘူး ငါ့သားကို ပညာတက်တစ်ယောက်အဖြစ်ပဲမေမေမြင်ချင်တယ် သားအလုပ်လုပ်စရာမလိုဘူး သား "
မေမေကတော့ ကျွန်တော် အလုပ်လုပ်မယ်ဆိုတာကို အပြင်းအထန်ကန့်ကွက်ခဲ့ပါတယ်
"မေမေ သားပြောတာ ဒီလိုမဟုတ်ပါဘူး သားလည်း ခုဆို ဆယ်တန်းလည်းအောင်ပြီအရွယ်လည်း ရောက်ပြီလေ ဒီတော့ မေမေ့ကိုသားက ပြန်ပြီးတော့ လုပ်ကျွေးချင်လို့ပါ မေမေလည်းသားအတွက်နဲ့ပင်ပန်းနေပါပြီ မေမေ့ကို သားပြန်ပြီးလုပ်ကျွေးဖို့အချိန်တန်နေပါပြီ သားကို
မေမေ့ကိုလုပ်ကျွေးခွင့်လေးတော့ပေးစေချင်တယ် သား ဘက်က မေမေ့ကိုတောင်းဆိုပါတယ်နော်"
မေမေ ကျွန်တော့်ကိုကြည့်ပြီးမျက်ရည် တွေပါးပြင်ထက်ကိုစီးကျလာတယ် ပြီးတော့ကျွန်တော့်ကို မေမေ ဖတ်လိုက်တယ်
"မေမေ ၀မ်းသာပါတယ် သားရယ် သားမေမေ့ကိုလုပ်ကျွေးချင်တယ်ဆိုရင် ပညာကိုကြိုးစားသင်ပါ ဘာမှသားထပ်မပြောနဲ့တော့ သားအလုပ်လုပ်ဖို့ ခွင့်မပြုနိုင်ဘူး သားလက်တွေက အလုပ်ကြမ်းလုပ်ရမှာမဟုတ်ဘူး မေမေ့ကိုချစ်ရင် မေမေ့စကားကိုနားထောင်ပါ
"ကျွန်တော် မေမေ့ကိုဖတ်ပြီးတော့ သားအမိနှစ်ယောက်မျက်ရည်တွေကြားမှာတင်းကျပ်စွာ ဖတ်ထားမိတယ် မေမေက ခုအချိန်ထိ ကျွန်တော့်ကို သူနဲ့ပဲတူတူ အိပ်ခိုင်းလေ့ရှိတယ် ကျွန်တော့်ကိုဘယ်ကိုမှ ည အိပ်သွားဖို့ခွင့်မပြုသလို ဘယ်သွားသွား မေမေကျွန်တော်နဲ့အတူလိုက်လေ့ရှိတယ် ကျွန်တော့်အတွက်ကတော့ မေမေ ညအိပ်ရာဝင်တိုင်း
ပြောပြတဲ့ပုံပြင်တွေက ခုချိန်ထိနားထဲမှာ ကြားယောင်နေတုန်းပါပဲ
မေမေကကျွန်တော့်ကို လိမ်မာအောင်သင်ပေးခဲ့တယ် မေမေက ကျွန်တော့်ကို ဗဟုသုတတွေအများကြီးပေးခဲ့တယ် ပြီးတော့ကျွန်တော့် ခန္ဓာ ကိုယ်မှာ မေမေ့သွေးတွေအပြည့်ရှိပါတယ် ကျွန်တော်တို့မိသားစုဟာ မချမ်းသာပေမယ့် အရမ်းကြီးလည်းမဆင်းရဲခဲ့ပါဘူး ဖေဖေက ၀န်ထမ်း မေမေက တော့ အိမ်မှာချက်ပြုတ်ရေးတာဝန်တွေယူခဲ့တယ် "စီးတဲ့ရေ ဆယ်တဲ့ ကန်သင်း"ဆိုတဲ့စကားအတိုင်းမေမေဟာဖေဖေ ရတဲ့လစာလေးတွေကို ဆုပြီးတော့ သုံးသင့်တာသုံးပြီးတော့စနစ်တကျလုပ်ကိုင်ခဲ့လို့သာကျွန်တော်တို့ ချွတ်ခြုံမကျပဲနေနိုင်ခဲ့သလို မေမေ့ကြောင့်သာကျွန်တော်လူလားမြောက်ခဲ့ရတာပါ
ဖေဖေနဲ့မေမေနဲ့ ကျွန်တော့်ကိုမွေးပြီးတဲ့နောက်မှာ ဖေဖေက နောက်ထပ်ကလေးယူဖို့ ပြောတာတောင် မေမေကငြင်းခဲ့တယ် ကျွန်တော့်တစ်ယောက်ထဲကိုပဲ ချစ်နေရရင်တော်ပြီ နောက်ထပ် မလိုတော့ပါဘူးလို့ ဖေဖေ့ကိုပြောခဲ့တယ် ကျွန်တော် ဟာ အိမ်မှာ တစ်ဦးထဲသားဖြစ်တာကြောင့်ဖေဖေရော မေမေပါ ကျွန်တော့်ကို အရမ်းချစ်ခဲ့ကြတယ် အရမ်းအလိုလိုက်ခဲ့ကြတာပါ ခုဆို ကျွန်တော့်မှာ ဖေဖေမရှိတော့ပါဘူးမေမေ ပဲရှိပေမယ့် မေမေက ကျွန်တော့်ရဲ့ လက်ဦးဆရာ ဆိုတာမှန်ပါတယ်
ဒီလိုနဲ့ကျွန်တော် တက္ကသိုလ်ကိုတက်ဖို့ အချိန်ရောက်လာခဲ့တယ် ကျွန်တော် အင်ဂျင်နီယာ ဘာသာကိုဆက်တက်ဖို့ေ၇ွးချယ်ခဲ့တယ် ပြီးတော့ ကျွန်တော်ရန်ကုန်ကို လာဖို့အဆင်သင့်ရှိနေ
ပါပြီ ကျွန်တော် ကျောင်းတက်ဖို့ရန်ကုန်ကိုလာတော့ မေမေ့ကိုကန်တော့တော့ မေမေ့မျက်ဝန်းတွေက မျက်ရည်တွေစီးကျပြီး ကျွန်တော့်ကို ဆုတွေအများကြီးပေးခဲ့တယ် ကျွန်တော်လည်း မေမေ့မျက်ရည်တွေကိုကျောခိုင်းပြီးတော့ ရန်ကုန်ကို ကျောင်းတက်ဖို့ထွက်လာခဲ့ပါတယ်
ကျွန်တော်ရန်ကုန်ေ၇ာက်တော့ ကျောင်းမှာထူးဇော်နဲ့သူငယ်ချင်းဖြစ်ခဲ့တယ်သူကတော့ရန်ကုန်ဇာတိပါပဲ ကျွန်တော့်ကို အစစ အရာရာကူညီခဲ့သလို ကျွန်တော့်အတွက်သူငယ်ချင်းးကောင်းလည်းဖြစ်ခဲ့ပါတယ် ကျွန်တော့်ရဲ့တိုင်ပင်ဖော်တိုင်ပင်ဖက်လည်းဖြစ်ခဲ့တယ်ရန်ကုန်ကို မရောက်ဖူးတဲ့ကျွန်တော့်ကို ထူးဇော်က နေရာအနှံ့ကိုလိုက်ပို့ခဲ့သလို ထူးဇော်ကြောင့်ပဲခုဆို ကျွန်တော်ရန်ကုန်သားတစ်ယောက်လိုပဲ နေရာတိုင်းကို လည်လည် ၀ယ်ဝယ်သွားတက်နေပါပြီ
ကျွန်တော် ပထမနှစ် ပြီးတော့အိမ်ကိုပြန်တဲ့အခါ မေမေ ကျွန်တော့်ကိုအိမ်သန့်ရှင်းရေးလုပ်နေရင်းနဲ့ ပြန်လာတာတွေ့တော့ပြေးဖက်လိုက်တယ် ကျွန်တော်လည်းအရမ်းကိုကြည်နူးမိတယ် မေမေ့ကို ဖက်နေရင်းနဲ့ ကျွန်တော် ငယ်ငယ်တုန်းက ကလေးဘ၀ကိုသွားသတိရမိတယ်
တစ်နေ့ မေမေ ဈေးကိုသွားတော့ ကျွန်တော် လိုက်ချင်လို့ ငိုနေမိခဲ့တယ်မေမေ က ကျွန်တော့်ကိုကြည့်ရင်းနဲ့ စိတ်မကောင်းဘူး ငိုနေတဲ့ ကျွန်တော့်ဆံပင်ကို တယု တယ သပ်ပေးရင်း နဲ့
"သား မေမေ က ခဏသွားမှာပါ သားကိုခေါ်သွားလို့မရဘူး နေကလည်းပူ လမ်းကလည်းကြမ်းတယ် သားကလည်းငယ်သေးလို့ပါ မေမေပြန်လာရင် သားအတွက် မုန့်တွေ
အများကြီးဝယ်ခဲ့မယ် ပြောခဲ့တယ်"
ကျွန်တော်လည်း မေမေ့စကားကိုနားထောင်ပြီးတော့ မလိုက်တော့ပါဘူး ဒါပေမယ့် မျက်ရည်တွေနဲ့ မေမေသွားတာကိုကြည့်နေမိတယ် မေမေကလည်း စိတ်မကောင်းပဲ ဈေးကို ထွက်သွားတာ ကျွန်တော် မြင်လိုက်ပါတယ် မေမေပြန်လာတော့ ကျွန်တော်မေမေ့ကိုသွားကြို တော့ မေမေက မုန့်တွေ အများကြီးကို ကျွန်တော့်လက်ထဲကို ထိုးပေးလိုက်ပြီး လက်ကနေ ကျွန်တော့်ကို မုန့်တွေခွံကျွေးခဲ့တယ် အဲ့တုန်းက မုန့်ရဲ့အရသာကို ယနေ့တိုင်ကျွန်တော် သတိရနေဆဲပါ
ကျွန်တော် ခုဆို နောက်ဆုံးနှစ် ကိုရောက်နေပါပြီ ဒါပေမယ့် ကျွန်တော်အတွက်တော့ ခုအခါ မှာ ဖြေရှင်းမရတဲ့ပြသာနာ နဲ့ရင်ဆိုင်နေရတယ် အဲ့ဒီပြသာနာကလည်း တခြားတော့မဟုတ်ဘူး ကျွန်တော် တတိယနှစ် ရောက်မှတွေ့ခဲ့တဲ့ ပပ ဆိုတဲ့ကောင်မလေး က ကျွန်တော့်ကိုလက်ထပ်ဖို့တိုင်ပင်ခဲ့တယ် ကျွန်တော်က ကျွန်တော့်မှာ အမေရှိတဲ့အကြောင်း အမေ့ကိုလုပ်ကျွေးပါရစေ ခွင့်တောင်းပေမယ့် သူမကလက်မခံခဲ့ပါဘူး
ဒါ့ကြောင့်နောက်ဆုံးကျွန်တော့်ကို သူ့ကိုလက်မထပ်ရင် မိဘတွေပေးစားတဲ့လူနဲ့ လက်ထပ်မယ့်အကြောင်းတွေစကားဆိုလာခဲ့ပါတယ် ဒါ့ကြောင့်ကျွန်တော် သူ့စိတ်ကြိုက် ဆုံးဖြတ်ဖို့ခွင့်ပြုခဲ့ပါတယ်
ကျွန်တော်သူ့ကိုချစ်ပါတယ် ဒါပေမယ့် ကျွန်တော့်အ မေရဲ့ကျေးဇူးတွေ ကျွန်တော့်မှာ အများကြီးရှိပါတယ် နှစ်ယောက်ပေါင်းမှ တစ်ဘ၀ဖြစ်တဲ့ကျွန်တော်တို့သားအမိအတွက်ကတော့ အားကိုးစရာ ဆိုလို့ ဘာမှမရှိတာအမှန်ပါပဲ ကျွန်တော် သူမ အတွက် လူယုတ်မှာ မဖြစ်ခဲ့ပါဘူး ကျွန်တော့်ကို အားလုံးက ကောင်းချီးပေးကြမှာပါ
ဒီလိုနဲ့ ပပ လည်းသူ့မိဘပေးစားတဲ့ သူနဲ့ပဲ ဘ၀ တစ်ခုကို ဖန်တီးခဲ့ပါတယ် ကျွန်တော်ကတော့ ဝေးသွားတဲ့သူ့ကျောပြင်ကိုကြည့်၇င်း မျက်ရည်ကျမိယုံကလွဲလို့ ဘာမှမရှိခဲ့ပါဘူး
ခံစားချက်ဆိုတာ ခံစားရတဲ့လူတွေပဲရှိတာပါ ကျွန်တော့်ခံစားချက်တွေကို ကျွန်တော့်နှလုံးသားနဲ့
ခံခဲ့ပြီးခဲ့ပါပြီ
ခုကျွန်တော်လည်း ဦးနှောက်ကနေပြီးတော့ မိဘကျေးဇူးကို ဆပ်မယ်ဆိုတဲ့ ခံယူချက်ပဲရှိပါတော့တယ်
မေတ္တာဆိုတာ ကျွန်တော် အသက်ရှင်သမျှ ၁၅၀၀ ဆိုတာ ရနိုင်ပါသေးတယ် မရနိုင်တော့တဲ့ မေမေ့ မေတ္တာကိုပဲ ကျွန်တော် တန်ဖိုးထားခဲ့ပါတယ် ဒီအတွက် သူ့ဘက်က ကျွန်တော့်ကို သတ္တိမရှိဘူး
ထင်ခဲ့ရင်လည်း ကျွန်တော်ဘာမှမပြောလိုတော့ပါဘူး ကျွန်တော့် ဆုံးဖြတ်ချက် မှန်မမှန်ဆိုတာ တော့ အားလုံးသိကြပါလိမ့်မယ် ခုကျွန်တော်လည်း မေမေရှိတဲ့ မြို့လေးကို ဘွဲ့ ပိုက်ပြီးတော့ မေမေ့ဆီကို ပြေးလာခဲ့ပါပြီ....................
အားလုံးကိုလေးစားလျက်.......
ဆွာသားလေး (ထူးထူးခြားခြားလေးများ)
Thursday, April 4, 2013
မြန်မာ့ ၁၂ လရာသီအကြောင်း တစေ့ တစောင်း
တန်ခူး...
ဆရာကြီး ဦးဖိုးလတ်က ထန်းသီးတွေခူးတဲ့လမို့ ထန်းခူးလကနေ တန်ခူး ဖြစ်လာတယ်လို့ဆိုတယ်။ပညာရှိတစ်ဦးဖြစ်တဲ့ လှေသင်းအတွင်းဝန်မင်းကတော့မိန်ရာသီကနေမိဿရာသီပြောင်းတဲ့အတာကူးတဲ့လမို့တာကူးလ၊ နောက်တန်ခူးလ ဖြစ်သွားတယ်လို့ ပြောပါတယ်။
ကဆုန်...
ကုဆုန်ကနေဖြစ်လာတာတဲ့။ ကုဆိုတာ ရေ၊ ဆုန်က စုဆင်းခြင်း။ အဓိပ္ပာယ်ကတော့ ရေသွန်းလောင်းတဲ့လပေါ့။ဒါကြောင့်ကဆုန်လ ညောင်ရေသွန်းပွဲလို့ ဆိုခဲ့တာ မဟုတ်လား။
နယုန်...
နံယုန်ကနေနယုန်ဖြစ်တာ။နံကအချိန်ကာလ၊ယုန်ကမိုးရေစီးဆင်းခြင်းတဲ့။ ပြောရရင် မိုးရွာတဲ့လပေါ့။
ဝါဆို...
ပါဠိစာပေမှာ ဝါ က နေခြင်းလေ၊ ဆို က ရွတ်ဆိုတာပေါ့။ ဒါကြောင့် ရဟန်းတော်
များဟာ သူတို့ရဲ့ ကျောင်းမှာပဲနေပြီး တရားဓမ္မများကို ရွတ်ဆိုနေကြတဲ့လလို့
ဆိုလာတာပေါ့။
ဝါခေါင်... ဝါတွင်း(၃)လရဲ့ အလယ်လ။
ကျောက်စာတွေမှာတော့ နံကာ တဲ့။ နံဆိုတာ အချိန်ကာလ။ ကာကလယ်ယာလုပ်ငန်းဆိုတော့
လယ်ယာလုပ်ငန်းခွင်ဝင်တဲ့လလို့ဆိုလိုတာပဲ။မိုးတွေဖြိုင်ဖြိုင်ရွာတဲ့လမို့လယ်သမားကြီးတွေလယ်ယာလုပ်ငန်းခွင်ဝင်နေကြပါတယ်။
တော်သလင်း...
တော်ဆိုတာက မြင့်မြတ်တာကို ပြောတာ။သလင်းကသာလင်းကနေလာတာ လေ။သာယာထွန်းလင်းသည်လို့အဓိပ္ပာယ်ဖော်ဆောင်တာဆိုတော့ ရဟန်းသံဃာတွေ ဝါတွင်းကာလတရား အားထုတ်၊ ဗုဒ္ဓဘာသာဝင်တွေဥပုသ်သီလဆောက်တည်မှုအထွတ်အထိပ်ဆုံးရောက်တဲ့အချိန်မို့ မြင့်မြတ်တဲ့ သာသနာရောင်ဝါထွန်းလင်းတဲ့ လ။
သီတင်းကျွတ်...
ဥပုသ်သီတင်းဆောက်တည်မှု၊ရဟန်းသံဃာတွေကိုယ့်ကျောင်းမှာတင်
တရားအားထုတ်မှုစတဲ့ ဝါတွင်းကာလပြီးမြောက်တဲ့ သီတင်းသုံးနေထိုင်ခြင်း
ကျွတ်လွတ်တဲ့လမို့ သီတင်းကျွတ် လို့ ခေါ်တာပေါ့။
တန်ဆောင်မုန်း...
ရှေးတုန်းကတန်ဆောင်မှုန်းလို့ ရေးခဲ့တယ်တဲ့…။တန်ဆောင်ဆိုတာ
မီးရှုးမီးတိုင်ကပေးတဲ့ အလင်းရောင်၊ မှုန်းက ချယ်မှုန်းသည်ဆိုတော့ ။
ကောင်းကင်ကြီးတစ်ခုလုံးဟာမီးရှုးမီးပန်းတွေနဲ့ချယ်မှုန်းထားလောက်အောင်လင်းလက်တဲ့လပေါ့။မီးပုံးပျံတွေ စေလွှတ်ကြ၊မီးရှုးမီးပန်းတွေပစ်ဖောက်ကြတန်ဆောင်မုန်းလပြည့်မှာ ပြည့်တဲ့လက(၁၂)လရာသီမှာအပြည့်ဆုံးလတဲ့ လေ။ဒါကြောင့် ဆေးဖက်ဝင်သစ်ပင်တွေ ဆေးပေါင်းခတဲ့ညလို့တောင် ဆိုကြတယ်။
နတ်တော်...
နတ်တွေကို ပူဇော်တဲ့လလို့ ပြောကြတယ်။ ဆရာကြီး ဦးဖိုးလတ်က မင်းမဟာဂီရိ မောင်နှမလူပူဇော်တယ်လို့ဆိုတယ်။ လှေသင်းအတွင်းဝန်မင်းက မဟာပိန္နဲနတ်ကို ပူဇော်တာတဲ့။
ပြာသို...
ပ္လါသို ကလာတာတဲ့။ ပ္လါက ပျားဖယောင်းကိုပြောတာ။ သိုက သိုလှောင်ခြင်းပေါ့။ပျားဖယောင်းတွေအများဆုံးစုဆောင်းလို့ရတဲ့လပေါ့။
တပို့တွဲ...
ထန်းဖူးထန်းခိုင်ထန်းပိုတွဲကျတဲ့လမို့ထန်းပို့တွဲကနေတပို့တွဲဖြစ်လာတာပဲ။
တပေါင်း...
ထန်းရည်တွေလှိုင်လှိုင်ထွက်ပြီးထန်းရည်တွေကိုစုပေါင်းကျိုချက်တဲ့လမို့ ထန်းပေါင်း ကနေ တပေါင်း ဖြစ်လာတာတဲ့။
ကိုယ့်နိုင်ငံရဲ့လတွေအကြောင်းကတော့သိကိုသိရမှာလို့ မြန်မာလအမည်တွေကိုဘာကြောင့်၊ဘယ်လိုခေါ်ဆိုခဲ့သလဲဆိုတာသူငယ်ချင်းတွေကိုလည်း လက်ဆင့်ကမ်းမျှဝေလိုက်ပါအုံး နော်။
Credit to ရဲသျှမ်း
ကဆုန်...
ကုဆုန်ကနေဖြစ်လာတာတဲ့။ ကုဆိုတာ ရေ၊ ဆုန်က စုဆင်းခြင်း။ အဓိပ္ပာယ်ကတော့ ရေသွန်းလောင်းတဲ့လပေါ့။ဒါကြောင်
နယုန်...
နံယုန်ကနေနယုန်ဖြစ်တာ။နံကအချိန်
ဝါဆို...
ပါဠိစာပေမှာ ဝါ က နေခြင်းလေ၊ ဆို က ရွတ်ဆိုတာပေါ့။ ဒါကြောင့် ရဟန်းတော် များဟာ သူတို့ရဲ့ ကျောင်းမှာပဲနေပြီး တရားဓမ္မများကို ရွတ်ဆိုနေကြတဲ့လလို့ ဆိုလာတာပေါ့။
ဝါခေါင်... ဝါတွင်း(၃)လရဲ့ အလယ်လ။ ကျောက်စာတွေမှာတော့ နံကာ တဲ့။ နံဆိုတာ အချိန်ကာလ။ ကာကလယ်ယာလုပ်ငန်းဆိုတော့ လယ်ယာလုပ်ငန်းခွင်ဝင်တဲ့လလို့ဆိ
တော်သလင်း...
တော်ဆိုတာက မြင့်မြတ်တာကို ပြောတာ။သလင်းကသာလင်းကနေလာတာ လေ။သာယာထွန်းလင်းသည်လို့အဓိပ္ပာယ
သီတင်းကျွတ်...
ဥပုသ်သီတင်းဆောက်တည်မှု၊ရဟန်းသံဃ
တန်ဆောင်မုန်း...
ရှေးတုန်းကတန်ဆောင်မှုန်းလို့ ရေးခဲ့တယ်တဲ့…။တန်ဆောင်ဆိုတာ မီးရှုးမီးတိုင်ကပေးတဲ့ အလင်းရောင်၊ မှုန်းက ချယ်မှုန်းသည်ဆိုတော့ ။ ကောင်းကင်ကြီးတစ်ခုလုံးဟာမီးရှုး
နတ်တော်...
နတ်တွေကို ပူဇော်တဲ့လလို့ ပြောကြတယ်။ ဆရာကြီး ဦးဖိုးလတ်က မင်းမဟာဂီရိ မောင်နှမလူပူဇော်တယ်လို့ဆိုတယ်။
ပြာသို...
ပ္လါသို ကလာတာတဲ့။ ပ္လါက ပျားဖယောင်းကိုပြောတာ။ သိုက သိုလှောင်ခြင်းပေါ့။ပျားဖယောင်း
တပို့တွဲ...
ထန်းဖူးထန်းခိုင်ထန်းပိုတွဲကျတဲ
တပေါင်း...
ထန်းရည်တွေလှိုင်လှိုင်ထွက်ပြီးထန
ကိုယ့်နိုင်ငံရဲ့လတွေအကြောင်းကေ
Credit to ရဲသျှမ်း
Wednesday, April 3, 2013
Saturday, March 30, 2013
Tuesday, March 26, 2013
မိန်းမယူရင် သတိထား
ဒါလေးကတော့မကြာသေးခင်က တရုတ်နိုင်ငံမှာ ဖြစ်သွားတာပါ။ ယောက်ကျားဖြစ်သူအိပ်နေတုန်းမိန်းမက ယောက်ကျားကို ကပ်ကျေးနဲ့ဖြတ်သွားတာပါ။အဲ့ဒါလေးကို ကာတွန်းသရုပ်ဖော်လေးနဲ့ပြန်ပြထားတာပါ။ အားလုံးဗဟုသုတရဖို့ပြန်မျှလိုက်တာပါ။ အတုတော့ မယူကြပါနဲ့လို့မေတ္တာရပ်ခံလိုက်ပါတယ်။
မြန်မာ့သမိုင်း
မနက်ဖြန်(27.3.2013) ရက်နေ့မှာ ကျရောက်မည့် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့သမိုင်းနဲ့ ဆိုင်တဲ့ ဗီဒီယို အနှစ်ချုပ်လေးကို တင်ပေးလိုက်ပါတယ်။ တပ်မတော်သားအားလုံး တပ်မတော်နေ့မှာ ကျန်းမာချမ်းသာကျပြီး နိုင်ငံ နဲ့လူမျိုး အကျိုးကို ဒီထက် သယ်ပိုးနိုင်ပါစေလို့ ကျွန်တော်က ဆုတောင်းပေးလိုက်ပါတယ်။ ဒီ ဗီဒီယို ဖိုင်လေးကိုလည်းသူငယ်ချင်း တစ်ယောက် တင်ထားတာတွေ့လို့ ပြန်ပြီးတော့ ရှယ်ပေးလိုက်တာပါ။ အားလုံး ကြိုက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။မြန်မာ နိုင်ငံရဲ့ သမိုင်း အနှစ်ချုပ်လေးကို ပြန်ကြည့်ကြရအောင်။
Sunday, March 24, 2013
Friday, March 22, 2013
ကွန်ပျူတာ Speed မြန်အောင်လုပ်နည်း (၅) နည်း
၁။ ပထမဆုံးနည်း
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် prefetch ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ ဖိုင်တွေအားလုံးကို delete ပေးလိုက်ပါ...
၂။ ဒုတိယနည်း
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် regedit ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ Registry Editor box အောက်က
HKEY_CURRENT_USER >> Control Panel >> Desktop ထိအစဉ်လိုက်သွားလိုက်ပါ..
Desktop ရောက်ရင် double click ပေးလိုက်ရင်ဘေးက box က MenuShowDelay ကို
right click >> modify>> Value data ကို 400 ကနေ 0 ထိလျှော့ချပေးပြီး ok ပေးလိုက်ပါ..
run box တွင် regedit ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ Registry Editor box အောက်က
HKEY_CURRENT_USER >> Control Panel >> Desktop ထိအစဉ်လိုက်သွားလိုက်ပါ..
Desktop ရောက်ရင် double click ပေးလိုက်ရင်ဘေးက box က MenuShowDelay ကို
right click >> modify>> Value data ကို 400 ကနေ 0 ထိလျှော့ချပေးပြီး ok ပေးလိုက်ပါ..
၃။ တတိယနည်း
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် msconfig ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ box မှာ Startup Tab ကိုသွားပါ..
အဲဒီက မလိုအပ်ဖူးထင်တဲ့ software တွေက အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ.
ပြီးရင် Apply ok ပေးလိုက်ပါ restart တောင်းပါလိမ့်မယ် Exit Without Restart ကိုပဲကလစ်လိုက်ပါ.
တကယ်ဆိုရင် restart ပေးရမှာပါ ဒါပေမယ့်ကျနော်တို့က နည်းလမ်းငါးမျိုးလုံးလုပ်မှာဖြစ်လို့ မပေးပါနဲ့
အားလုံးပြီးမှ restart ပေးလိုက်ရင်လည်းရပါတယ်.
၁။ စတုတ္တနည်း
Start >> Control Panel >> System ထိရောက်အောင်သွားပြီး double click နဲ့ဖွင့်လိုက်ပါ.
(mycomputer >> right click >> Properties ဆိုရင်လည်း တူတူပါပဲ)
System Properties Box ပေါ်လာပါလိမ့်မယ် Advanced Tab >> Performance Settings ကိုကလစ်လိုက်ပါ.
Adjust for best performance ကိုရွေးပြီး Apply ok ပေးလိုက်ပါခင်ဗျာ..
PC ကတော့ ပုံစံပြောင်းသွားပါလိမ့်မယ် effect တွေမပါတော့တဲ့အတွက် သိသိသာသာ ပေါ့ပါးသွားပါလိမ့်မယ်..
၅။ ပဉ္စမ နည်း
Start >> Run (or) win + R ကိုကလစ်ပါ..
(mycomputer >> right click >> Properties ဆိုရင်လည်း တူတူပါပဲ)
System Properties Box ပေါ်လာပါလိမ့်မယ် Advanced Tab >> Performance Settings ကိုကလစ်လိုက်ပါ.
Adjust for best performance ကိုရွေးပြီး Apply ok ပေးလိုက်ပါခင်ဗျာ..
PC ကတော့ ပုံစံပြောင်းသွားပါလိမ့်မယ် effect တွေမပါတော့တဲ့အတွက် သိသိသာသာ ပေါ့ပါးသွားပါလိမ့်မယ်..
၅။ ပဉ္စမ နည်း
Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် system.ini ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ Notepad ထဲမှာ အောက်က code လေးကို copyကူးပြီး အောက်ဆုံးမှာထည့်ပေးလိုက်ပါခင်ဗျာ..
page buffer=100000kbps load=100000kbps Download=100000kbps save=100000kbps back=100000kb
ပြီးရင် file >> save ပေးပြီး close လိုက်ပါ ..အားလုံးပြီးပြီဆိုရင် ကွန်ပျုတာကို restart ချလိုက်ပါ.
ပေါ်လာတဲ့ Notepad ထဲမှာ အောက်က code လေးကို copyကူးပြီး အောက်ဆုံးမှာထည့်ပေးလိုက်ပါခင်ဗျာ..
page buffer=100000kbps load=100000kbps Download=100000kbps save=100000kbps back=100000kb
ပြီးရင် file >> save ပေးပြီး close လိုက်ပါ ..အားလုံးပြီးပြီဆိုရင် ကွန်ပျုတာကို restart ချလိုက်ပါ.
Sunday, March 17, 2013
Saturday, March 16, 2013
Thursday, March 14, 2013
Wednesday, March 13, 2013
Subscribe to:
Posts (Atom)